Tuesday, June 26, 2012

ဒြပ်မဲ့ခြင်းနိယာမ

0

• စပါးကြီးလို၊ လူကိုမျိုသည်
လူကိုလူမျို၊ မျိုးပြုတ်မျိုလိမ့်
မြေမျိုမပျောက်၊ တွေးမထောက်နှင့်
မျိုးပျောက်အခြေ၊ သွေးနှောလေက
မြေကိုလည်းမျို၊ ပိုင်စိုးလှ၏ ။

• ကြားဖူးလိမ့်မည်၊ ဒဏ္ဍာရီလား
ပုံပြင်လားနော်၊ အခြားမဟုတ်
ကုလားအုပ်က၊ တဲကုပ်အရှင်
ခွင့်ပန်ဆင်၍၊ ဝင်ခိုခဏ
နားပါရစေ၊ တစ်စတစ်စ
ခေါင်းမှ ကိုယ်လုံး၊ တစ်တဲလုံးပင်
ပိုက်ကျုံးယူငင်၊ အဝေးနှင်၍
တဲရှင်နေရာ၊ ပျောက်ကွယ်ပါခဲ့
ယာမဲ့မြေမဲ့၊ အိုးအိမ်မဲ့လျက်
နယ်ချဲ.စေပါး၊ ဒူးထောက်တွားလိမ့်။

• လူမျိုးကိုမျို၊ မြေကိုမျိုသို.
ကြာညိုပင်တော၊ ဒိုက်ပင်နှော၍
တောထဗေဒါ၊ မျိုဝါးလာလျှင်
ရွှေကြာမပေါက်၊ ရေလည်းနောက်လျက်
ပျောက်ကွယ် ကန်တွင်း၊ ကြာမသင်းဘဲ
မင်းမူ ဗေဒါ၊ အပွင့်ဖြာလိမ့်။
                                                  မောင်ကြင်နွယ်
 photo source:Google

0 comments: