Thursday, December 25, 2014

♥DIY Paper Craft Postcard for New Year♥

7


၂၀၁၄အတွက် အမှတ်တရဖြစ်အောင် DIY postcardလေး တစ်ခုလုပ်ဖြစ်တာလေး တင်ပေးပါမယ်။
လွယ်ကူပြီး ကရိကထမများတဲ့ postcardလေးမို့ New Yearအတွက်တင်မဟုတ်ဘဲ Birthday cardလိုမျိုးလုပ်ပေးချင်လဲ အဆင်ပြေလောက်ပါတယ်။အချိန်လဲ နာရီဝက်၊၁နာရီလောက်ပဲပေးရပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
၁)ကတ်ကြေး(ရိုးရိုး)
၂)အတွန့်ညှပ်လို့ရတဲ့ကတ်ကြေး
၃)ဆော့ပင်၊ခဲတံ
၎)ဓါး
၅)ကော်
၆)စတစ်ကာ(ကြိုက်နှစ်သက်ရာ) သို့ ကြိုက်နှစ်သက်ရာပုံကိုကိုယ်တိုင်ဆွဲလို့လဲရပါတယ်။
၇)ရောင်စုံစက္ကူ ၂ရွက်မှ ၃ရွက် (ကိုယ်သုံးတဲ့မူတည်ပါတယ်)
၈)ကြွေစာရွက်  
ပို့စကတ်ချိုးတဲ့အခါ A4အရွယ်အစား ကြွေစာရွက်ကို တဝက်ချိုးပြီး လုပ်ပါတယ်။ A5ဆိုဒ်လို့လဲခေါ်ပါတယ်။
အဲ့ဒီရလာတဲ့ A5ကိုမှခေါက်ချိုးချိုးလိုက်ရင် လိုချင်တဲ့ပို့စကတ်အရွယ်အစားရပါပြီ။
ဆိုဒ်ကတော့ကိုယ်ကြိုက်သလို ညှပ်ယူလို့ရပါတယ်။
လိုအပ်မယ့် ပစ္စည်းတွေပါ။
အတွင်းကခံမယ့် စာရွက်ကို ဖောင်းကြွလုပ်မယ့်ပုံစံပါ။
 အရင်ဆုံး ဖောင်းကြွကြွေစာရွက်ကို A5အရွယ်ဖြတ်ပြီး ခေါက်ချိုးချိုးပါ
အတွင်းကကိုယ်ကြိုက်တဲ့ အရောင်စာရွက်ကိုလဲ အဲ့အတိုင်းလုပ်ပါ။
ဘေးနားကအတွန့်တွေအတွက်တော့ ကြိုက်ရင်ညှပ်ပါ။မကြိုက်ရင်လဲ ဒီတိုင်းရှင်းရှင်းလေးထားလဲရပါတယ်။
ပြီးမှကိုယ်အလှဆင်ချင်တဲ့ ပစ္စည်းလေးတွေကိုလိုက်ကပ်ပါတယ်။
စိတ်ကူးပေါက်သလို အရုပ်လေးတွေကိုရောင်စုံစာရွက်မှာဆွဲ ကပ်လို့ရသလို
ready made stickerလေးတွေလဲ ကပ်လို့ရပါတယ်
ဒါကတော့ အထဲက ခရစ်စမတ်ပင်လေးခေါက်တဲ့ပုံစံပါ။
အင်တာနက်ကရှာထားတာပါ။
ဒီပုံစံမခေါက်တတ်ရင်လဲတခြားအဆင်ပြေတဲ့ပုံစံလုပ်လို့ရပါတယ်

ဒါကတော့ အပြင်ဘက်ဒီဇိုင်းပါ။ကိုယ်ကြိုက်သလို အလှဆင်လို့ရပါတယ်။
ဒါကတော့ စာအိတ်ချိုးတဲ့ပုံစံပါ။
ဒါကတော့ စာအိတ်ချိုးတဲ့ပုံစံပါ။ 
စာအိတ်လေးကို ရှိတဲ့ stickerလေးနဲ့အလှဆင်ပြီးကပ်လို့ရသလို
အသည်းပုံစံလေးဖော်ပြီးလဲကပ်လို့ရပါတယ်
Finish!
 Wish You have a Merry Christmas & Happy New Year!

7 comments:

Phyu Lwin said...

Handmade လက်ဆောင် ချစ်စရာလေးတွေ။

စံပယ်ချို said...

တော်လိုက်တာ
ကျေးဇူးပါရှင်

Mrs. Bagel said...

မြတ်ကြည်လည်း လက်ဆောင်ပေးရင် pop-up card လေးတွေပဲ လုပ်ပေးဖြစ်တယ်။
ဓာတ်ပုံနဲ့ လုပ်ကြည့်ကြည့် ပိုလှတယ်။ :)

Lorem Ipsum said...

ရေးပြီပြီအသူရယ်...

Happy New Year နော် <3

မင်းအရိပ် said...

အရမ်းကောင်းတယ် Sis!
DIY ကို ကျွန်တော်လဲ စိတ်ဝင်စားတယ်။
ဖုန်းstand တစ်ခု လုပ်ထားတယ်။
တစ်ရက်ရက် ကျွန်တော့် ဘလော့မှာ တင်ပါမယ်။

Kai said...

ချစ်စရာလေးကဒ်ကလေးက စမ်းလုပ်ကြည့်ဦးမယ်

Thu said...

ကိုမင်းရာဇာ >> စမ်းလုပ်ကြည့်ပါနော်။အဆင်ပြေရင်ပြန်ပြောပါအုန်း :)
Aunty Kai >> သမီးလေးကို လုပ်ပေးလိုက်အုန်းနော်။ :)