Thursday, November 28, 2013

မိုင်တိုင်များသို့..

6


FBမှာတင်သွားတဲ့သူငယ်ချင်းကိတ်နဲ့ပဲပြန်ပြီးကျွေးတော့မယ်.မွေးနေ့ကိတ်လေးစားသွားပါအုန်းနော်။^_^
အသက်တစ်နှစ်ကြီးသွားပြန်ပြီ..
ဒီလိုပဲ ကိုယ်တွေဟာ.သက်တမ်းတွေတိုးရင်းတိုးရင်းနဲ့..ဘယ်အချိန်နောက်တစ်ကမ်းကူးရမယ်ဆိုတာ မရေမရောနဲ့ပဲ.လှုပ်ရှားနေရအုန်းမှာပါပဲ..
၂၆ရက်နေ့က ပင်ပန်းမှု၊အဆင်မပြေမှုတွေနဲ့အိပ်ပျော်သွားခဲ့တဲ့ ကိုယ်ဟာ..
မွေးနေ့မနက်ခင်းစောစောမှာ ထုံထိုင်းလေးကန်မှုတွေနဲ့နိုးလာခဲ့တယ်။
မွေးနေ့မှာဆွမ်းလောင်းဖို့ အမေက ဆွမ်းချက်ပေးပြီးအဆင်သင့်စောင့်နေခဲ့တယ်။
မွေးနေ့တိုင်းအလှူကြီးကြီးမားမားကြီးမလုပ်ဖြစ်တောင်ဆွမ်းလောင်းတဲ့အကျင့်ကတော့
အမေ့ကျေးဇူးကြောင့် မပျက်မကွက်လုပ်ဖြစ်ခဲ့တယ်။
အမေနဲ့အဖေ့ကျေးဇူးကြောင့်ဒီနေ့မှာကိုယ်လူ့လောကထဲရောက်ပြီးရပ်တည်ခွင့်ရခဲ့တယ်။ကိုယ်ဘာအမှားတွေပဲ
လုပ်ခဲ့လုပ်ခဲ့ အမြဲခွင့်လွှတ်ဖို့အဆင်သင့်ဖြစ်နေခဲ့တာလဲ အမေနဲ့အဖေပဲ..
♥ကျေးဇူးအများကြီးတင်ပါတယ် ပါပါနဲ့မေမေ♥
တိုက်တိုက်ဆိုင်ဆိုင် Ahthuမွေးနေ့နဲ့အမျိုးသားနေ့နဲ့အတူတူကျတယ်။
ရုံးကအဖွဲ့က ဒီးဒုတ်သွားလည်မယ်တဲ့။မလိုက်ဖြစ်တော့ဘူး။
လကုန်ရက် ပိုက်ဆံပြတ်နေလို့ ကြီးကြီးမားမားအလှူမလုပ်ဖြစ်လို့ ပိတ်ရက်မှာဥပုသ်စောင့်ပြီး ကုသိုလ်ယူဖို့စဉ်းစားလိုက်တယ်။မနက်၉နာရီလောက်မှာဥပုသ်ယူ၊သီလစောင့်တည်ပြီး..မနက်စာစား..
အဖေနဲ့အမေကို အလုပ်ကိစ္စမတ္တရာကိုလိုက်ပို့ပေးဖြစ်တယ်။ဒီလိုနဲ့ဘီးစီးဘတ်ဒေးဖြစ်သွားကော။
ဥပုသ်လေးမပျက်အောင် ညနေဘက်ကျ အောင်တော်မူဘုရားသွား၊သီလပြန်ယူ.ပြီးငှက်ကလေးတွေလွှတ်ဖြစ်ခဲ့တယ်။
ဘာဖြစ်လို့လဲ မသိဘူး။ဒီနှစ်မွေးနေ့တစ်ယောက်တည်းအထီးကျန်နေတယ်.@_@
အိမ်ပြန်ရောက်တော့ အချစ်ဆုံးသူငယ်ချင်းကမွေးနေ့လက်ဆောင်ပို့ထားတာလေးရတယ်..
CK ရေမွှေးပုလင်းလေး.ကျေးဇူးအများကြီးတင်ပါတယ်.သူငယ်ချင်းလေးရေ.
အသူငယ်ငယ်လေးကတည်းက မွေးနေ့ဆို.ပါပါနဲ့မေမေက စာအုပ်လက်ဆောင်ပဲပေးတယ်။
တခြားပစ္စည်းတွေလဲကိုယ်မမက်ဘူးလေ။မေကြီးတို့ပေးတဲ့မွေးနေ့လက်ဆောင်ထဲမှာအမှတ်ရဆုံး၊အကြိုက်ဆုံး
ဆိုရင် ၉တန်းနှစ်ကလက်ဆောင်ရတဲ့ ဆရာအောင်သင်းရဲ့"မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့"စာအုပ်လေး။
မိုးချုပ်မှပြန်လာတဲ့ကိုကြီးက သိုးမွှေးဦးထုပ်လေးပေးတယ်။လှတယ်။
မောင်လေးဆီကတော့ မေမြို့အပြန်ဆွယ်တာလှလှလေးပေးပါလို့ တောင်းထားတယ်။:P
လူကြီးတွေပြောတာကြားဖူးတယ်။မွေးနေ့နီးရင်ကံနိမ့်တယ်။ကောင်းမှုကုသိုလ်များများလုပ်ပေးဆိုတာ။
တိုက်ဆိုင်တာလားတော့မသိဘူး။မွေးနေ့နီးမှညာဘက်လက်အဆစ်ယောင်တယ်။မျက်နှာမှာအပူကန်ပြီး
အဖုတွေထွက်တယ်။၂၅ရက်နေ့မနက်က နောက်ကနေဆိုင်ကယ်ဝင်တိုက်ခံလိုက်ရတယ်။
လူဘာမှမဖြစ်တာကံကောင်းတယ်လို့ပြောရမယ်။Ahthuညတိုင်းပရိတ်ကြီး၁၁သုတ်ရွတ်ဖြစ်နေတာမွေးနေ့ဆို
၂လပြည့်သွားပြီ။အဆင်ပြေတယ်၊ကံကောင်းတယ်ဆိုတာလဲဘုရား၊တရားကျေးဇူးတွေအများကြီးပါမှာပါ။
ဒီနှစ်မွေးနေ့မှာ ဆုံးဖြတ်ချက်ချမိတာက.ညတိုင်းတရားထိုင်ချိန်တိုးမယ်။
ပျော်ပျော်နေမယ်။ခုကျောင်းကလဲ Native Speakerတွေနဲ့trainingတွေပေးနေတယ်။
ကိုယ့်ကိုကိုယ်အရင်ကထက်ပိုတိုးတက်လာမယ်။အဆင်ပြေလာမယ်လို့လဲယုံကြည်ပါတယ်။
ဘယ်လိုအခက်အခဲတွေရှိရှိ ကြိုးစားမယ်။ကိုယ်လုပ်မှကိုယ်ရမယ်။
☺မွေးနေ့ကို သူများတွေကMilestoneမိုင်တိုင်တွေနဲ့ရည်ညွှန်းကျတယ်။
အဲ့ဆိုAhthuမွေးနေ့က မိုင်တိုင်__ @_@ ဆိုတော့ ဟိုမင်းသမီးရဲ့သရဲကားလိုလို ဘာလိုလို :P
အသက်တွေလဲကြီးပါပြီ..^_^
27.11.2013(Wednesday)
11:48pm
Mandalay, Myanmar

6 comments:

Phyu Lwin said...

စိတ်ထဲမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေအားလုံး အကောင်အထည်ဖော်ဖြစ်ပြီး ဆန္ဒနဲ့ ဘ၀တထပ်တည်း ကျပါစေ

Cameron said...

လိုအင်အားလုံးပြည့်စုံပါစေ အသူလေး..း)

စံပယ်ချို said...

အသူရဲ့ မွေးနေ့မှန်းမသိလိုက်ဘူးနော်
နောင်နှစ်ပေါင်းများစွာ ချစ်လှစွာသောမိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းပြီးပြည့်စုံတဲ့ ဘ၀လေးကိုပိုင်ဆိုင်ပါစေ

Thu said...

မမတိမ်လွှာ၊မမမိုးငွေ့၊မမစံပယ်>>တို့ပေးတဲ့ဆုနဲ့ပြည့်ပါရစေရှင် ^_^

mabaydar said...

အသူရေ... ဒီနေ့မှ ပထမဆုံးဒီဘလော့လေးကို ရောက်တယ်... ပိုစ့်တွေဖတ်ရင်း မွေးနေ့ပိုစ့်လေးတွေ့တော့ နောက်ကျနေပေမဲ့ ဆုတောင်းပေးချင်မိတယ်...
အသူ လိုအင်ဆန္ဒတွေပြည့်ဝပါစေနော်...
မွေးနေ့ဆိုရင်တော့ အဲလိုပဲ စိတ်ထဲ အထီးကျန်သလိုလိုဖြစ်တတ်ပါတယ်... အမှန်တော့ သာမာန်ရက်တွေထက် ကိုယ်က ဒီရက်ကို ပိုပြီး မျှော်မှန်းတတ်တာကိုး... ဒါပေမဲ့ ညီမရဲ့မိုင်တိုင်လေးတွေကို တစ်တိုင်ပြီးတစ်တိုင် အောင်မြင်စွာဖြတ်နိုင်ပါစေနော်... စကားကောင်းပြောနေရင်း သရဲကားအကြောင်းရောက်သွားလို့ ပြုံးမိသေး...

Thu said...

ဘလော့ဂ်လေးလာဖတ်တာကျေးဇူးတင်ပါတယ်အမ။
ခုလိုအားပေးစကားပြောတော့ပိုပြီးတောင်ကျေးဇူးတင်ပါတယ်။