Friday, November 8, 2013

ဆက်ထုံး

5


Photo:google

တို့တွေဆုံတဲ့အခါ
ပြုံးတဲ့အပြုံး၊ပြောတဲ့စကားတွေ
အရင်လို အသက်မပါတော့ဘူး..
တွေးမိတိုင်း
ရင်ထဲတဆစ်ဆစ်နာလာတယ်..
ကိုယ့်အပြောဆိုးဆိုးတွေကြောင့်လား..
သူ့သဘောဆိုးဆိုးတွေကြောင့်လား..
ဆက်ထုံးရှိရင်
ဖြေလျော့ချင်တဲ့ကိုယ့်စိတ်
ဒဏ်ရာရှိရင်
ဖြေသိမ့်ပေးချင်တဲ့ကိုယ့်စိတ်..
 သူသိလာရင် သိပ်ကောင်းမှာပေါ့
အသေချာဆုံးကတော့
သူနဲ့ကိုယ် အရင်လိုပြန်မဖြစ်နိုင်တော့တာပါပဲ...

5 comments:

စံပယ်ချို said...

ဆက်ထုံးရှိရင်
ဖြေလျော့ချင်တဲ့ကိုယ့်စိတ်
ဒဏ်ရာရှိရင်
ဖြေသိမ့်ပေးချင်တဲ့ကိုယ့်စိတ်.
ခံစားချက်လေးကောင်းတယ်အသူရေ အမဂျက်လဲအဲတာနဲ့ နဲနဲတူတဲ့ဆက် ဆက်ထုံးများတ့အလွမ်းဆိုပြီးရေးခဲ့ဖူးတယ် ကြာလို့မေ့နေပြီ အသူရဲ့ ဆက်ထုံးလေးဖတ်မိမှပဲသတိရတော့တယ်...

Thu said...

အဲ့ဆို အမကဗျာလေး အသူရှာဖတ်လိုက်အုန်းမယ်..

Yoemyaykya said...

ဟုတ်တယ်ဟာ အရင်လို အသက်မပါတော့တာ။
ငါလဲ အဲဒီအထုံးကို ဖြေချင်တယ်။
ရှေ့ဆက်ရမယ့်ခရီးမှာ လိပ်ပြာလုံလုံနဲ့ တစ်ယောက်ကို တစ်ယောက်ပြုံးပြချင်ပ

Thu said...

အသူမှာအမာခံပရိသတ်တွေအများကြိးပဲ
မမစံပယ်ရယ်..ရိုးမြေကျရယ် :D

Unknown said...

ဆက်ထုံး............. အင်းးးးးးနှင်းဆီလဲ တွေးကြည့်ဦးမှ...