Friday, January 23, 2015

အဖျားဒီဂရီ ၁၀၁*

4


Photo : Google

အဖျားဒီဂရီ ၁၀၁*

~~~~~~~~~~

ကတုန်ကယင်နဲ့ အချိန်တန်ရင်
အဖျားတွေတက်လာတယ်။
အမှတ်တရတွေအားလုံးဟာ
ဆေးခါးခါး၁ခွက်လို ခါးသက်ပေမယ့်
ငါမှီဝဲချင်နေတယ်..
အဲ့ဒီညက နင့်အကြောင်းအိပ်မက်က
မေ့ထားမယ်ကြံတဲ့ အလွမ်းတွေကို
လှုပ်နိုးစေတယ်။
သက်ပြင်းငွေ့ငွေ့တချို့က
အတိတ်ကို တူးဆွတယ်။
ဝင်သက်နဲ့ ထွက်သက်တွေက
ငါရဲ့မျှော်လင့်ချက်ယဲ့ယဲ့ကို
လက်လျှော့စေတယ်။
အမည်တပ်မရတဲ့ ဒုက္ခတွေက
ရင်ဘတ်ထဲမှာ အပြည့်
..........
အဆုံးသတ်မှာ
နင်ပျော်ပါစေ ဆုတောင်းရင်း
ငါ့ရဲ့နာတာရှည် အလွမ်းတွေ
အဖျားတက်မလာဖို့ မျှော်လင့်ရင်းနဲ့....။  

(ချစ်ခြင်းများဖြင့်- ♥သူ♥) 
၂၃-၁-၂၀၁၅(၂:၀၁ pm)

4 comments:

Phyu Lwin said...

၁၀၁ ဆိုရင် အဖျား နည်းနည်းကြီးနေပြီပေါ့

Thu said...

ကြာရင် ဒီရောဂါနဲ့တင် သွားမယ်ထင်ပါတယ် :(

ပစ်ပစ် said...

မြန်မြန် နေကောင်းပါစေ အသူရေ
101 ဆိုတော့ အဖျားနည်းနည်းကြီးတယ်နော်


ခင်တဲ့ ပစ်ပစ်

Kai said...

Take care သူသူလေး