တဝက်တပျက်
************
ကဗျာမရေးဖြစ်ဘူး...
သီချင်းမညည်းဖြစ်ဘူး...
ဖတ်နေတဲ့စာအုပ်တောင် တဝက်တပျက်...
လွင့်နေတဲ့စိတ် အစပြန်မရဘူး...
ပြန်မခေါ်တော့ဘူး...
ပြန်မရတဲ့ အတိတ်တွေ...
ငါရှာတဲ့ ငါ့အရိပ်ပြန်မတွေ့တော့ဘူး...
မျှော်လင့်ချက်တဝက်တပျက်နဲ့ ခရီး...
ငါရှေ့ဆက်ရုံပေါ့။ ။
3 comments:
တခါတလေ ကျတော့လည်း
အဲလိုတဝက်တပျက်တွေနဲ့
ပြီးနေတတ်တယ် အသူရေ
ခင်တဲ့ မပစ်
ဒီလိုပဲအသူလေးရေ.... တဝက်တပျက်ကြီးကို တဝက်တပျက်စိတ်ရှုပ်၊ တဝက်တပျက်ကျေနပ်ပြီး တဝက်တပျက်နဲ့ လဲ မရပ်ချင်၊ ရှေ့ဆက်ဖို့လဲ စိတ်က တဝက်တပျက် ဒီလိုတဝက်တပျက်နဲ့ပါပဲ....။
အစ်မအသူ ဘာတွေစိတ်ရှုပ်နေတာလဲ
ဖိုက်တင်းးးး :)
Post a Comment