Thursday, October 30, 2014

♥October Favorites♥

10

မြတ်ကြည်က October Favoritesတဲ့..
လကုန်ခါနီးပြီဆိုတော့မအားတဲ့ကြားကအပြေးအလွှားလေးလာရေးလိုက်တယ်နော်။
အင်း အသူကြိုက်တာတွေများနေလို့.. ဘာရွေးပြရင်ကောင်းမလဲတောင်မသိဘူး :P
မြန်မာပြည်နေတဲ့သူတစ်ယောက်၊မြန်မာလူမျိုးတစ်ယောက်အနေနဲ့တော့ သင်္ကြန်ပြီးရင် သီတင်းကျွတ်ကိုအချစ်ဆုံးပဲ။အောက်တိုဘာအနှစ်သက်ဆုံးတစ်ခုကိုပြရရင်တော့ သီတင်းကျွတ်ပွဲတော်ပဲ။
ပထမဆုံးဥပုသ်စောင့်ဖြစ်တာလဲသီတင်းကျွတ်လပြည့်ပဲ။ရိပ်သာစဝင်ဖူးတာလဲသီတင်းကျွတ်လပြည့်ပဲ။
ဘာသာရေးနဲ့ပတ်သက်ရင်တော့ သီတင်းကျွတ်ကအသူအတွက်တော့ အနှစ်သက်ဆုံး၊အမှတ်ရဆုံးပါပဲ။
 ဒီအက်ႌေလးလွလား။ဒီအင်္ကျီလေးကိုဘာလို့ကြိုက်တာလဲဆိုတော့ မေကြီးက စမောကင်းထိုးပေးထားတာ။
အသူအမေက အဲ့လိုတိုတိုထွာထွာလေးတွေဆိုသိပ်လုပ်ချင်တာ။တစ်ထည်လုံးတော့ပြီးအောင်မချုပ်လို့ ဆိုင်ပြေးချုပ်ခိုင်းရတယ် :P
ယိုးဒယားသင်္ဘောသီးထောင်း.. ခဏခဏ အင်းတစ်လလုံးလုံး အပြင်ထွက်တိုင်းစားနေတာ..ဒီယိုးဒယားသင်္ဘောသီးထောင်းပဲ..ကြိုက်မှကြိုက်..
အပေါ်က မေမြို့ Woodland က အောက်က မန်းလေးလမ်း၈၀ ဖားသားလဖုန်းကျောင်းရှေ့ကဖောင်တော်သီက...Yummy yummy
 ဒီမာဖလာလေးလှလား။ အောက်တိုဘာလလယ်လောက်ဆို ဆောင်းဝင်ပြီ။ ဒီတစ်ပတ်ထဲမှာကို မန်းလေးမှာသိသိသာသာအေးလာပြီ။ဆိုင်ကယ်မောင်းရင် မာဖလာလေးပတ်မှ အချမ်းသက်သာတယ်။ခါတိုင်းနှစ်တွေတုန်းက အမွှေးပွချည်တွေနဲ့၂ချောင်းထိုးပြီး ပတ်ကြတာခေတ်စားတယ်။အသူဟိုရက်ကအင်တာနက်ဝင်တော့ ဒီဒီဇိုင်လေးတွေ့တော့ ဆန်းတယ်ဆိုပြီး ထိုးကြည့်ဖို့အာရုံရသွားတာ။လောလောဆယ်တော့တစ်ဝက်ပဲပြီးသေးတယ်။အလုပ်တွေအရမ်းရှုပ်နေလို့။

နောက်ဆုံးအကြိုက်ဆုံးကတော့ ၂၇ရက်နေ့ကမှထွက်လာတဲ့ ချစ်တုံးလေး Talyor Swiftရဲ့ 1989 ခွေလေးပေါ့။ "Shake it off" ကတော့ ဟိုရက်ကတည်းက MTVကြည့်ကတည်းကသဘောကျနေတာ။ သီချင်းတွေပို့ပေးတဲ့ ဆုမြတ်လေးလဲကျေးဇူးပဲနော်။♥


လိုင်းမကောင်းလို့ မဟုတ်ရင် ဒီလအတွက်အကြိုက်ဆုံးအသူပုံလေးတင်ပေးမလို့။ကော်နက်ရှင်းက တော်ပြီရုပ်ဆိုးတယ်ဆိုပြီး
ဖြုတ်ဖြုတ်ချတယ်။တင်လို့ကိုမရဘူး။ :P 
ကဲဒီလအတွက်တော့ ဒီပို့စ်လေးနဲ့ဖောင်ပိတ်ပါပြီ :D :D :D
ညီမလေး Ashley Myat တဂ်လုပ်တာကိုလဲ ဒီပို့စ်လေးနဲ့ပေါင်းရေးပေးလိုက်ပါတယ်နော်။

10 comments:

Phyu Lwin said...

အကျီင်္လေးလှတယ်။။ မာဖလာလေးလည်းလိုချင်တယ်။ :D

Lorem Ipsum said...

ကျေးဇူးနဲ့ရဘူးနော် :P <3

မဒမ်ကိုး said...

သင်္ဘောသီးသုပ်စားချင်တယ်

Thu said...

တိမ်လွှာဖြူ၊ဆုမြတ်၊အမမဒမ်ကိုး>>♥♥♥

Ashley Myat said...

အကျီလေးရော မာဖလာလေးရော လှတယ်
သင်္ဘောသီးထောင်း စားချင်တယ်
မြတ်လည်း Taylor Swift ကို ကြိုက်တယ်
ရေးပေးတဲ့အတွက်ကျေးဇူးပါရှင့် အစ်မအသူရေ :)

စံပယ်ချို said...

သဘောင်္သီးထောင်းလေးကြည့်ပြီး ဂလုဂလု
မာဖလာလေးကြည့်ပြီး.........

Mrs. Bagel said...

မေကြီးကလည်း ခေသူမဟုတ်ဘူးပဲ။ မာဖလာလေးလှတယ်။ ကော်နက်ရှင်က ဖြတ်တာတော့ မဖြစ်နိုင်ဘူး။ အသူ မပြချင်လို့ ကပ်စီးနည်းတာနေမှာ။ :P

Thu said...

Ashley Myat>>တစ်ယောက်တစ်လှည့်တဂ်ကြတာပေါ့ညီမရေ :)
မမစံပယ်>>ထင်တယ်..အသူတင်တဲ့သင်္ဘောသီးထောင်းကိုသရေကျတော့မယ်ဆိုတာ :P
မြတ်ကြည်>>ဟီးဟီး ဒီသမီးကိုမွေးထားတဲ့အမေဆိုတော့လဲ :P ကော်နက်ရှင်းညစ်တာလဲကောင်းပါတယ်တော်ကြာနောက်ခါကိုယ့်ဘလော့ဂ်လေးလူတွေဝင်မဖတ်ရဲဖြစ်နေအုန်းမယ် :D

Cameron said...

သဘောင်္သီးထောင်းလေးတော့လာစားချင်တယ်...း)

Thu said...

မမမိုးငွေ့>>လာစားပါရှင်... မန်းလေးလာရင်လဲလိုက်ကျွေးပါမယ် :)