Monday, November 10, 2014

Department Donation (ကထိန်အလှူ)

7

 မြန်မာပြည်မှာတော့ဒီရာသီကကထိန်ခင်းတဲ့ရာသီ၊မီးပုံပျံလွှတ်တဲ့ရာသီ။ဥတုကဖောက်ပြန်နေတော့မိုးကလဲ
ကောင်းတယ်။လပြည့်မတိုင်ခင်တည်းကရွာလိုက်တာ။တောင်ကြီးတို့၊ပြင်ဦးလွင်တို့မှာတော့ မိုးထဲလေထဲ မီးပုံးပျံလွှတ်ကြတာကို facebookမှာတော့တင်လိုက်ကြတဲ့ပို့စ်တွေပလူကိုပျံနေတာပဲ။
တောင်ကြီးတန်ဆောင်တိုင်၊မေမြို့တန်ဆောင်တိုင်တစ်ခုမှမရောက်ဖူးဘူး။လူများတယ်ဆိုတာနဲ့ကိုမသွားချင်တော့တာ
အသူကတော့ထုံးစံအတိုင်းလပြည့်ဆိုတော့ဥပုသ်စောင့်ဖြစ်တယ်။လပြည့်မတိုင်ခင်၅ရက်နေ့ကတော့ ဌာနကလူတွေနဲ့ပေါင်းပြီး တောင်စလင်းတိုက်သစ်ဆရာတော်ဦးတိက္ခဦးစီးပြီး နယ်စပ်တောင်ပေါ်ဒေသခက်ခဲတဲ့နေရာမှာခင်းမယ့်ကထိန်မှာ
၁)ကျောင်း၃ကျောင်းစာ ပဒေသာပင်၃ပင် အလှူငွေ ၁၅၀,၀၀၀ကျပ်
၂)သင်္ကန်း၃စုံ
၃)အစာအိမ်နာပျောက်ဆေးများ
၎)ဖျားနာကိုက်ခဲပျောက်ဆေးများ
၅)အကြောပြေဒဏ်ကြေလိမ်းဆေးများ
၆)ဆေးမြစ်စုံလိမ်းဆေး ၉ဗူး
၇)Solar rechargeable flashlight ၉ခု
နဲ့ စုစုပေါင်းအလှူငွေ ၂သိန်း၃သောင်းကျပ်လှူဒါန်းဖြစ်ခဲ့ပါတယ်။
~~နတ်လူသာဓုခေါ်စေသော်ဝ်~~

အသူတို့ဌာနကတော့လတိုင်း၁ယောက်၁ထောင် ၂ထောင်လိုမျိုးငွေစုပြီး လိုတဲ့နေရာတွေ အလှူလိုက်လုပ်တာတော့များနေပါပြီ။တစ်ယောက်ချင်းနိုင်သလောက်လေးကနေစုပြီး ဒီလိုအလှူတွေလုပ်ဖြစ်နေတာများပြီ။သိန်းချီသန်းချီမလှူနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့သဒ္ဓါတရားအပြည့်နဲ့မို့ ကုသိုလ်ရမယ်လို့ယုံကြည်ပါတယ်။ခုလိုလှူဖြစ်အောင် အမြဲနိဗ္ဗာန်ဆော်လုပ်ပေးတဲ့အကိုတွေအမတွေကိုလဲကျေးဇူးအမြဲတင်နေမှာပါ။
ကထိန်လှူရတဲ့အကျိုးတွေကတော့
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။
၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။
(ကထိန်နဲ့ပတ်သက်ပြီး ဒီမှာအသေးစိတ်ရှိပါတယ်)
ဘုန်းကြီးကျောင်းမှာ စတုဒီတာကျွေးတဲ့ မုန့်ဟင်းခါးဖုန်းနဲ့ရိုက်တော့သိပ်မလှဘူး

ဒီရက်ပိုင်းအသွားအလာများပေမယ့် စိတ်ကမပါဘူး။ပျော်လဲမပျော်ဘူး။:(
စာလဲမရေးချင်ဘူး။အလုပ်လဲမလုပ်ချင်ဘူး။မွေးနေ့နီးရင်ဖြစ်တတ်တဲ့ ရောဂါကစလာပြီထင်တာပဲ.. :( :(

7 comments:

Ashley Myat said...

အစ်မအသူ မွေးနေ့နားနီးပြီဆိုတော့ စိတ်ကိုတတ်နိုင်သလောက် ပျော်ပျော်ထားပါနော် :)

Lorem Ipsum said...

ချစ်နေတဲ့သူတစ်ယောက်ယောက်ကို အဖြေပြန်ပေးလိုက်ရင် အဲဒီရောဂါသက်သာလိမ့်မယ် :P

Thu said...

Ashley Myat>>ကျေးဇူး.စိတ်ကိုထားတတ်အောင်ကျင့်နေပါတယ်။ဖြစ်မလာတာ :D
ဆုမြတ်မိုး>> တိန် တိန်.. :3 ချစ်နေတဲ့နေတိုးကအဖြေပြန်မပေးသေးဘူး :P

rose of sharon said...

လာလည်​ပြီးစာ​တွေဖတ်​သွားတယ်​​နော်​... 

Thu said...

Rose of Sharon>>အမနော်ဖော ကျေးဇူးပါ :)

Mrs. Bagel said...

Thardu thardu thardu :)

ချစ်နေတဲ့သူတစ်ယောက်ယောက်ကို အဖြေပြန်ပေးလိုက်ရင် အဲဒီရောဂါသက်သာလိမ့်မယ် :P << haha, it might work. :D

Thu said...

ဟွန့် မြတ်ကြည်နဲ့ဆုမြတ် လူဂျိုးတွေ သူများကို :'(
အဖြေကတောင်းထားတာ..ဟိုကပြန်မပေးသေးတာကို :P