Friday, November 21, 2014

►Just Be Yourself ◄

5

 
စိတ်ညစ်တာရယ် အလုပ်ရှုပ်တာရယ် လိုင်းမကောင်းတာရယ်ပေါင်းပြီး အတွေးတွေပေါ်ပေမယ့် စာလဲမရေးဖြစ်ပါဘူး။လူကစိတ်ဓါတ်ကျသွားရင်၁ပတ်၂ပတ်လောက်က နလံပြန်မထူတော့ဘူး။ကိုယ့်ဘာသာကိုယ် စာတွေဖတ်။တရားတွေထိုင်လုပ်ပြီး ဖြေသိမ့်ရတယ်။
သူငယ်ချင်းကတော့ ပြောတယ် နင်ကစိတ်ဓါတ်ကျစရာတွေအမြဲတွေးနေတာကိုတဲ့။ အဲ့လိုလဲမဟုတ်ပါဘူး။
စိတ်ဓါတ်ကျစရာတွေကိုယ့်မျက်စိရှေ့ဖြတ်လျှောက်လာတယ်ပဲပြောရမှာပေါ့။ကဲစကားလမ်းကြောင်းပြောင်းပြီး
ဖေ့ဘုတ်မှာမနေ့ကဖတ်မိတဲ့စာလေးပြန်ရှဲမယ်နော်။
၂၅နှစ်မပြည့်မီ မိန်းကလေးတိုင်းလုပ်သင့်တဲ့အချက်၂၅ချက်တဲ့။
မကြာခင် ၂၇ပြည့်တော့မှာပေမယ့် ဒီအချက်တွေထဲမှာ ကိုယ်မလုပ်မိသေးတာတွေအများကြီးတွေ့တယ်။ကိုယ့်လိုပဲမလုပ်မိသေးတဲ့သူတွေအတွက်ပြန်ရှဲလိုက်ပါတယ်။
1. Live on your own
►တစ်ယောက်တည်းနေကြည့်ပါ။
တခါတလေမှာ စိတ်ရှုပ်စရာတွေ တွေးစရာတွေများလာတဲ့အချိန်မှာ တစ်ယောက်တည်းနေပြီး တွေးကြည့်တာက ပိုပြီးထိရောက်တတ်ပါတယ်။
2. Travel
 ►ခရီးသွားပါ။
ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်မယ့်သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် ခရီးထွက်သင့်ပါတယ်။ခရီးထွက်ခြင်းက တခါတခါပတ်ဝန်းကျင်အပြောင်းအလဲကြောင့်လူကို ပိုပြီးတက်ကြွလန်းဆန်းစေပါတယ်။
3. Quit the job you hate
 ►လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ့်အတွက်အဆင်မပြေဘူးဆိုရင်တော့ ထွက်လိုက်ပါတော့။
အလုပ်ဆိုတာ အစာအိမ်အတွက်တင်မကဘူး။စိတ်နှလုံးသားအတွက်ပါ အရေးကြီးပါတယ်။အခုလုပ်နေတဲ့အလုပ်ကကိုယ့်ကိုတကယ်စိတ်ညစ်ညူးစေတယ်။
မပျော်ရွှင်စေဘူးဆိုရင်တော့ ဒီအလုပ်ကနေထွက်သင့်နေပါပြီ။နောက်ထပ်အဆင်ပြေပျော်ရွှင်စေမယ့် အလုပ်ကိုတွေ့ရှိနိုင်မှာပါ။
4. Dress for the occasion 
 ►နေရာဒေသကိုလိုက်ပြီး သင့်တင့်လျောက်ပတ်အောင် ဝတ်စားပြင်ဆင်ပါ။
ကိုယ့်ကြိုက်တဲ့အဝတ်အစားဆို ဝတ်ပါ။ဘယ်ပွဲ အခမ်းအနားကျမှဝတ်မယ်ဆိုပြီး သိမ်းထားတတ်တာမျိုး မလုပ်ပါနဲ့။(ဒါကတော့မိန်းကလေးအများစု နှမြောတတ်တဲ့ကိစ္စပေါ့ :P )
5. Date all types of people. Find that special someone. Or not. 
►လူမျိုးစုံနဲ့ သွားကြည့်ပါ၊တွဲကြည့်ပါ။အဲ့ဒီထဲကမှ ကိုယ့်အတွက်အဆင်ပြေမယ့်တစ်ယောက်ကိုရှာကြည့်ပါ။
ဒီထဲကအချက်အတိုင်း မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့အရတော့ လူတိုင်းနဲ့တွဲသွားတွဲလာမလုပ်သင့်ပေမယ့် ကိုယ့်ကတကယ်ချစ်တဲ့သူ၊ကိုယ့်ကိုလဲတကယ်ချစ်တဲ့သူ၊နားလည်မယ့်သူကို ရွေးချယ်သင့်တယ်လို့တော့
ထင်ပါတယ်။
6. Learn how to cook
 ►အစားအစာတွေ ဘယ်လိုချက်ပြုတ်ရမလဲ လေ့လာပါ။သင်ကြည့်ပါ။
ကိုယ်ကိုယ်တိုင် ချက်စားရတဲ့ဟင်းတစ်ခွက်လောက် ကိုယ့်ကိုပျော်ရွှင်မှုပေးတာ မကြုံဖူးသေးဘူးး)
7. Speak up against harassment 
 ►ကိုယ့်ကိုထိခိုက်နစ်နာအောင် ပြောတာမျိုးတွေဆို ပွင့်ပွင့်လင်းလင်းပြန်ပြောပါ။
ကိုယ့်ကို နစ်နစ်နာနာပြောတဲ့စကားမျိုး၊စိတ်အနှောင့်အယှက်ဖြစ်စေတဲ့စကားမျိုးကို အားနာပြီး ပြန်ပြောနေမယ့် အစား မကြိုက်ရင် မကြိုက်တဲ့အကြောင်းပွင့်ပွင့်လင်းလင်းပြန်ပြောတာက ပိုကောင်းပါတယ်)
8. Save money
►ပိုက်ဆံစုပါ။
အားလပ်ရက်ဆို ဈေးဝယ်ထွက်ရတာက စိတ်ဖိစီးမှုဖြေလျော့စေတဲ့နည်းဆိုပေမယ့် အလဟဿသုံးပစ်တာမျိုးမလုပ်ဘဲ ငွေစုဆောင်းတတ်တဲ့အကျင့်မျိုးကိုထားသင့်ပါတယ်။
9. Learn a new skill 
 ►ကိုယ်မသိသေးတဲ့ အတတ်ပညာအသစ်ကို လေ့လာပါ။သင်ကြားပါ
သီချင်းဆိုသင်တန်း၊စန္ဒယားတီးသင်တန်း၊ဘာသာစကားပြောသင်တန်း၊မြင်းစီးသင်တန်း ၊ ကားမောင်းသင်တန်း ..ခုခေတ်မှာ လေ့လာစရာ သင်ယူစရာတွေအများကြီးရှိနေပါပြီ။အဲ့ထဲက ကိုယ်စိတ်ဝင်စားတဲ့ ကိုယ်လုပ်ချင်တဲ့ အသစ်အဆန်းမျိုးကို စလေ့လာကြည့်လိုက်ပါ။
10. Keep a pet
 ►အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးပါ။
အိမ်ပြန်လာရင် ကိုယ့်ကိုပြေးလာကြိုတတ်တဲ့ ပါပီလေးတစ်ကောင်ဖြစ်ဖြစ်ပေါ့။
(ကျွန်တော်ကတော့ တိရစ္ဆာန်ကိုချစ်တယ်။အနွံတာမခံနိုင်ဘူး :P)
11. Do what pleases you, not what others say
 ►သူများပြောတာမျိုးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာမယ်ဆိုတဲ့အရာမျိုး လုပ်ကြည့်ပါ။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ အရာဆိုဘယ်လိုဟာမျိုးပဲဖြစ်ဖြစ်လုပ်ကြည့်ပေါ့။ I don’t careပေါ့
12. Spend time with your parents
 ►မိဘတွေနဲ့အတူ အချိန်ဖြုန်းပါ။
ကိုယ်တွေ ဒိအသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှာ မိဘတွေလဲအသက်လဲအတော်ရလာပါပြီ။ အားလပ်ချိန်မှာ မိဘတွေကို အချိန်ပေးသင့်ပါတယ်။
13. Invest in something
 ►တစ်ခုခုကို ရင်းနှီးမြုပ်နှံပါ။
ယုံကြည်စိတ်ချရတဲ့ တနေရာရာမှာ ရင်းနှီးမြုပ်နှံထားခြင်းကလဲ ကိုယ်တကယ်အခက်အခဲဖြစ်နေတဲ့အချိန်မှာ အထောက်အကူဖြစ်စေပါတယ်
14. Eat whatever you want to
 ►ကိုယ်စားချင်တာ၊ ကိုယ်ကြိုက်တာ ဘာပဲဖြစ်ဖြစ် စားပါ။
မိန်းကလေးတွေက၂၅ပတ်ဝန်းကျင်ရောက်လာရင် ပိန်ချင်တဲ့စိတ်နဲ့
ဟိုဟာရှောင်ဒီဟာရှောင်လုပ်လာတတ်ပါတယ်။
တခါတလေ ကိုယ်စားချင်နေတာစားလိုက်ရတာကလဲ အကောင်းဆုံးစိတ်ဖိစီးမှုဖြေလျော့စေတဲ့နည်းတဲ့။
15. But at the same time, take care of your health
 ►အဲ့လိုစားချင်တာစားနေပေမယ့်၊ ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်ပါ။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ခုနောက်ပိုင်းမှာ ဖုန်းတွေ၊ကွန်ပျူတာတွေခေတ်စားလာခြင်းကလဲ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါပြီ။
16. Keep a journal
►နေ့စဉ်မှတ်တမ်းလိုမျိုး ရေးကြည့်ပါ။
ကိုယ်ရဲ့ပျော်ရွှင်မှု၊စိတ်ညစ်စရာ ဒါတွေအကုန်လုံးကို ဒိုင်ယာရီရေးတဲ့အကျင့်မျိုးထားပါ။(eg;Bloggingလိုမျိုး)ဘလော်ဂါတော်တော်များများကတော့ ဒီအကျင့်ရှိတတ်ပါတယ်။
17. Get a makeover
► makeoverတွေပြင်ကြည့်ပါ။
ဆံပင်အရောင်တောက်တောက်တွေဆိုးတာမျိုး၊ ကိုလုပ်ချင်ရင် လုပ်ပစ်လိုက်ပါ။ခုအသက်အရွယ်မှာတောင်မလုပ်ရင် အသက်ကြီးရင် ပိုမလုပ်ဖြစ်တော့ပါဘူး
18. Do what you want to do
 ►ကိုယ်လုပ်ချင်တာကို လုပ်ကြည့်ပါ။
ကိုယ့်ကိုသူများကလုပ်ပေးစေချင်တာမျိုးကို လုပ်ပေးပြီး သူများကိုပျော်ရွှင်စေသလို ကိုယ်ကိုယ်တိုင်လဲ ကိုယ်လုပ်ချင်တာလုပ်ပြီး ပျော်ရွှင်မှုကိုရှာပါ။
19. Get yourself insured
 ►ကိုယ့်ကိုယ်ကို လုံခြုံစိတ်ချမှုရှိအောင်ထားပါ။ဥပမာ-အာမခံထားတာမျိုး
အာမခံထားတာမျိုးက တခါတခါကိုယ့်အတွက် အဆင်ပြေစေပါတယ်။မြန်မာပြည်မှာတော့ သိပ်ခေတ်မစားသေးဘူးနော်။
20. Click as many photographs as you want to, but don't forget to experience them first
►ကိုယ့်ရဲ့ပထမဆုံးအတွေ့အကြုံတိုင်းကို ဓာတ်ပုံရိုက်ပြီး သိမ်းကြည့်ပါလား။
မိန်းကလေးတွေအများစုက ဓါတ်ပုံရိုက်ပြီး အမှတ်တရတွေကိုသိမ်းထားဖို့ အကျင့်ရှိတဲ့သူများပါတယ်။
21. Go offline for a week
 ►တစ်ပတ်လောက် offlineနေကြည့်ပါလား။
ကိုယ်တင်တဲ့ FB postမှာ Like ဘယ်နှခုရနေပြီလဲ၊ဘယ်သူတွေcommentပေးသွားမလဲဆိုတာတွေ ခဏမေ့ပြီး တစ်ပတ်လောက်Offlineလုပ်ထားလိုက်ပါ။(bloggingလဲပါမှာပေါ့ :P )
22. Don't listen to society
 ►ပတ်ဝန်းကျင်က ပြောစကားတွေကို နားမထောင်ပါနဲ့။
ကိုယ်ပြုတဲ့ကိစ္စတိုင်းအတွက် တာဝန်အရှိဆုံးသူကကိုယ်ကိုယ်တိုင်ပါပဲ။ ပတ်ဝန်းကျင်ကပြောစကားတွေ နားယောင်နေမယ့်အစား ကိုယ်ဘာပြောချင်လဲဆိုတာ ကိုယ့်ဘာသာကိုယ် နားထောင်ကြည့်လိုက်ပါ။
23. Don't put other women down
 ►တခြားမိန်းကလေးတွေရဲ့မကောင်းမပြောမိပါစေနဲ့။
တခြား မိန်းကလေးတွေရဲ့ မကောင်းပြောနေမယ့်အစား သူတို့နဲ့အတူ ပူးပေါင်းကြည့်ပါ။
24. Reward yourself
►ကိုယ့်ကိုယ်ကို ဆုချပါ။
တခုခု အဆင်ပြေပြေပြီးသွားတိုင်း ကိုယ့်ကိုယ်ကိုဆုချပါ။
25. Don't get pressurised about marriage 
 ►အိမ်ထောင်ပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖိအားမပေးပါနဲ့။
လူတွေကပြောတတ်ကြတယ် အသက်၂၅နှစ်အရွယ်က အိမ်ထောင်ပြုဖို့အသင့်တော်ဆုံးတဲ့။အမှန်တော့ကိုယ်တကယ်အိမ်ထောင်ပြုတဲ့အချိန်က အမှန်ကန်ဆုံးအချိန်ပါပဲနော့။

အသေးစိတ်ဖတ်ချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်။
P.S. မနေ့ကသူငယ်ချင်းတစ်ယောက်ကအသေးစိတ်ပြန်ရေးခိုင်းလို့သေချာပြန်ပြင်ရေးထားပါတယ်။
(ဘာသာပြန်လွဲချော်မှုတွေရှိရင် ကျွန်တော့အမှားပါ ^_^)
ဖေ့ဘုတ်ကသူငယ်ချင်းဟောင်းတစ်ယောက်နဲ့တွေ့ပြီး ဝမ်းသာစရာထက် ကိုယ့်ကိုစိတ်ဆင်းရဲစရာတွေပဲ
ပေးသွားတဲ့အခါ တကယ်စိတ်ပျက်မိတယ်။ဒီ ပို့စ်လေးကိုဖတ်ကြည့်ပါအုန်း။ခုတော့ကိုယ့်စိတ်ပျော်အောင် လုပ်နိုင်တာ ကိုယ်ပါပဲ။အဲ့တာလေးကို အသူခဏမေ့သွားတာပါ။
ဒီနေ့ကတော့ sharing day ပါ ^_^

5 comments:

Phyu Lwin said...

Good Points!!! but I am already over 25 :D :D

စံပယ်ချို said...

စိတ်ဝင်စားစရာလေးတွေအတော်များများတွေ့ရတယ်

Thu said...

မမစံပယ်၊ မဖြူ >> Me 2 :P I'm already over 25. but there's many things we haven't done yet.So let's start it today

Mrs. Bagel said...

ချိန်ဆစရာတွေ အများကြီးပဲ။ ဘာပဲဖြစ်ဖြစ် စိတ်ပျော်အောင်နေနော်။ လူ့ဘဝဆိုတာခဏလေးရယ်။

Thu said...

မြတ်ကြည်>>အသူက တခုခုဆိုစိတ်ညစ်လွယ်၊စိတ်ဓါတ်ကျလွယ်တယ်။ဒါပေမယ့် ချက်ချင်းလဲ ပျော်အောင်နေတတ်တယ်။စိတ်အပြောင်းအလဲမြန်တယ်လို့ပြောရမလားမသိဘူး။အားပေးတဲ့အတွက် ကျေးဇူး