Tips for Healthy Nails
►လက်သည်းတွေပျော့နေရင်သံလွင်ဆီနွေးနွေးလေးလုပ်ပြီးမိနစ်၂၀လောက်စိမ်ပေးပါ။
တစ်ရက်ခြားစီလောက်လုပ်ပေးရင်ကောင်းပါတယ်။
►လက်သည်းကိုbase coatမခံဘဲဆိုးတာများရင်၊လက်သည်းနီအမျိုးအစားမကောင်းရင်
ဝါကြင့်ကြင့်ဖြစ်လာတတ်ပါတယ်။အဲ့တာကိုချွတ်ချင်ရင်သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရေအနည်းငယ်နဲ့ရောပြီး
လက်ကို မိနစ်အနည်းငယ်လောက်စိမ်စိမ်ပေးပါ။
►လက်သည်းကိုက်၊လက်သည်းခွာတဲ့ အကျင့်ကလဲ လက်သည်းကိုပိုးဝင်စေတတ်ပါတယ်။
►လက်သည်းနီဆိုးရင် Acetone polish removerကိုမသုံးပါနဲ့။ acetoneကြောင့်လက်သည်းမှာအဆီခမ်းတာမျိုးဖြစ်တတ်လို့ပါ။(acetone
free removerဆိုဆိုင်တွေမှာရှိတတ်ပါတယ်)
►လက်သည်းနီကြောင့်လက်သည်းကိုတစ်ခုခုဖြစ်လာတယ်ဆိုရင်(ဥပမာ လက်သည်းတွေဝါလာတာ၊အလွှာလိုက်
ကွာတာမျိုးဖြစ်လာရင်)သင့်လက်သည်းကိုဘာလက်သည်းနီမှမဆိုးဘဲရက်အနည်းငယ်လောက်ထားပေးရပါမယ်
►လက်သည်းခြေသည်းတွေအရမ်းအရှည်ကြီးမထားသင့်ပါဘူး။ပုံမှန်ညှပ်ပေးတာကအကောင်းဆုံးပါပဲ။
 |
| လက်သည်းညှပ်တဲ့အခါပုံစံမှန်ပါ။ |
 |
| ပုံဖော်နည်းလေးတွေ |
 |
| ဒီပုံစံကတော့ ဘယ်တော့မှမရိုးဘူး။ |
 |
| ခုနောက်ပိုင်း ဇာတွေခေတ်ထနေတဲ့အချိန်ဆိုတော့ လက်သည်းဆိုတာတောင် ဇာလေးနဲ့ |
|
|
|
 |
| မိုက်တယ်နော် ^_^ |
 |
| အသဲပုံဖော်နည်းလေးတွေ |
 |
စုတ်တံနဲ့ဆိုးရင်လက်မငြိမ်တဲ့သူတွေအတွက်ဆို
တိပ်သုံးတဲ့ဒီနည်းကမိုက်တယ်။
အသဲပုံမဟုတ်လဲ အဆင်ပြေတာပဲ
|
|
 |
| ဒါလဲ ရှင်းရှင်းလေးနဲ့မိုက်တယ် |
 |
| ရေမြုပ်မသုံးဘဲ ကြွပ်ကြွပ်အိတ်ကိုလုံးခြေပြီးသုံးတဲ့နည်း :P |
 |
| ဒီအရောင်၂ရောင်လုံးက အကြိုက်ဆုံးထဲပါတယ် |
 |
| ဒါကတော့ နည်းနည်းလက်ဝင်မယ်ထင်တယ်နော် |
 |
| ဒါလဲရှင်းရှင်းလေးနဲ့ လွယ်မယ့်ပုံလေး |
အမမဗေဒါနဲ့ အမစံပယ် တဂ်ထားတာကိုဒီပို့စ်လေးနဲ့ရေးပေးလိုက်ပါတယ်။
မျက်စိနာတာကော အလုပ်များနေတာကော၂ခုပေါင်းပြီး စာအများကြီးမရိုက်နိုင်သေးလို့ပါ။
♥ပုံများရဲ့မူရင်း websiteများကိုလဲ creditပေးပါတယ်ရှင်♥
8 comments:
လုပ်တတ်တဲ့သူတွေများကြတော့လဲ လွယ်နေသလိုပဲနော် ကိုယ်သာလုပ်ကြည့်လိုက် ?
ကြည့်ရတဲ့သူ မြင်ရတဲ့သူတွေအတွက် အလွန်လှပါပေတယ်အသူရေ
နမှုနာအနေနဲ့ဆိုးပေးကြည့်ပါလားကွယ် :(
မမစံပယ်>>လုပ်ကျင့်ရှိရင်တော့အဆင်ပြေပါတယ်။ခုအသူပြထားတဲ့နည်းတွေဆို လွယ်တယ်။
ဆု>>စနေနေ့ကျဆိုးချင်တဲ့အရောင်ယူလာခဲ့။ဆိုးပေးမယ် :P
ကျေးဇူးပဲအသူလေးရေ... ဒီည အဲဒါတွေလုပ်ကြည့်မယ်ပုံဖော်နည်းလေးတွေက ဒီလိုကျတော့လဲ လွံယ်သားပဲ အိမ်မှာက ပစ္စည်း ကိရိယာအစုံဝယ်ထားတယ်..လုပ်ပြီးလှရင်လာပြမယ်..း)
မကြီးမိုးငွေ့>>လက်သည်းနီဆိုးထားတဲ့ပုံလေး facebookမှာတင်ရင် tagလုပ်နော် စောင့်နေမယ် :)
Technique တွေစုံလို့စုံ လို့ပဲ။ CHallenge ခေါ်တာကြောင်း။ :)
လက်သည်းနီ ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ ဆိုးပုံဆိုးနည်းကို ကြည့်ပြီး သဘောကျသွားပါတယ်ရှင့်
Challenge ခေါ်ထားပါတယ်နော် အသူ :)
မြတ်ကြည်နဲ့ Ashley Myat>> အားတာနဲ့ရေးပေးပါမယ်နော် :)
Post a Comment