Thursday, October 2, 2014

Thadingyut & DIY Lantern

11

 
 ပို့စ်အသစ်မတင်တာတောင်နည်းနည်းကြာသွားပြီနော်။ပြီးခဲ့တဲ့အပတ်တွေတုန်းက စာမေးပွဲတွေစစ်နေတော့ ဘယ်လိုမှမအားဘူး။:D
အခုတော့မျက်စိနာနေတယ်..ဆရာဝန်ကကွန်ပျုတာ ဖုန်းမသုံးခိုင်းဘူး။ဒါပေမယ့် ဒီစာစစ်အချိန်ကြီးကွန်ပျုတာမကြည့်လို့လဲမရဆိုတော့ ဘလော့ဂ်ဂင်းကိုခဏနားထားတာ။
ဒါပေမယ့် သီတင်းကျွတ်ရောက်ရင် သင်္ကြန်နားနီးသလိုပဲ..ပိုးကမရတော့ဘူး။မီးပုံးလုပ်တာလေ..
ဒီနှစ်အတွက်မီးပုံး၂မျိုးလုပ်ကြည့်ထားတယ်။
အခုပြောမယ့်မီးပုံးလုပ်ဖို့အတွက်ဆို.
♦ အရောင်စုံဆီစိမ်စက္ကူ  (ဆီစိမ်စက္ကူအဆင်မပြေရင်တော့ ရောင်စုံစက္ကူသုံးလဲရပါတယ်)
♦ CD ပြားအဟောင်း (အဝိုင်းဝိုင်းရအောင်)
♦ ကတ်ကြေး ၊ ဓား
♦ ကော်
♦ သွားကြားထိုးတံလို တုတ်ချောင်း
(၁) ပထမဆုံး ဆီစိမ်စက္ကူကို CDပြားနဲ့စက်ဝိုင်းပုံဝိုင်းပြီး ဖြတ်မယ်
စုစုပေါင်း  ၇ဝိုင်းလုပ်ပါမယ်။
အဝိုင်းအရွယ်အစားကြီးရင် စက္ကူအချပ်ရေတိုးလုပ်လို့ရပါတယ်
စက်ဝိုင်းကို ၄ခေါက်ခေါက်ပါမယ်
ခေါက်ချိုးရာမှာ တုတ်နဲ့ကော်သုတ်ပါမယ်။(တုတ်သုံးတာက ကော်ကိုဘေးကိုမပွစေချင်လို့ပါ)
အပေါ်က နောက်တစ်ရောင် ထပ်ပါမယ်။
ထပ်တဲ့အခါမှာ ၈ဒေါင့်ပုံရအောင် ပုံမှာပြထားတဲ့အတိုင်း ခေါက်ချိုးရာကိုထားပါမယ်။
အနီရောင်လိုင်းကအဖြူစာရွက်မှာတုန်းက ကော်ကပ်ထားတာပါ။
အပြာရောင်လိုင်းက ခုအဝါစရွက်ရဲ့ခေါက်ချိုးရာပါ။အဲ့အပြာလိုင်းအတိုင်းကော်ကပ်ပါမယ်
အဝါပေါ်မှာနောက်ထပ် အဖြူ(သို့မဟုတ်)opposite colorကပ်ပါမယ်
အဲ့ဒီအတိုင်းအစဉ်လိုက် အဖြူတစ်လှည့်၊အဝါတစ်လှည့်ကပ်ပါမယ်
နောက်ဆုံး ၇ခုလုံးကပ်ပြီးတဲ့အချိန်မှာ
အပြင်ဘက်ဆုံးကစာရွက်ကိုပုံထဲကအတိုင်းလုပ်ပါမယ်။
ကျန်တဲ့အစလေးတွေကို အောက်မှာတပ်မယ့် ပန်းမွှားလေးရအောင် အမျှင်လေးတွေကိုက်ပါမယ်
Handmade မီးပုံးလေးရပါပြီရှင် ^_^
သီတင်းကျွတ်ကာလမှာ အသူဘလော့ဂ်ကိုလာလည်တဲ့စာဖတ်သူ အသူထက်တစ်စက္ကန့်၊တစ်မိနစ်၊တစ်ရက်ကစလို့ ပိုကြီးတဲ့သူများအားလုံးကို ကန်တော့ပါတယ်နော်။ ^_^
♦Handmade creations

11 comments:

Mrs. Bagel said...

အရမ်း လှတယ် အသူ။ ကျေးဇူး။ လုပ်ပြီး အသူ့ကို ပြရမယ်း)

Thu said...

လုပ်ပြီးရင် တကယ်ပြရမှာနော် :D

မဒမ်ကိုး said...

အသူ့ဘလော့ကိုလိုက်ရှာနေတာခုမှတွေ့တော့တယ်
လင့်ချိတ်သွားပြီ အသူရေ
နောက်မို့ဆို မြန်မာပြည်ရဲ့ကွန်နက်ရှင်က တော်တော်နဲ့ဖွင့်မရတတ်လွန်းလို့ ရှာဖွေပြီးချိတ်နေရတာ

Thu said...

:D
အသူခါတိုင်းအမဆိုဒ်လာဖတ်ရင် ဘလောဂ်ဂါအကောင့်နဲ့မဟုတ်လို့လင့်ခ်မချန်ခဲ့တာ။ဒီနေ့တော့ အမပို့စ်အသစ်နဲ့အဆင်သင့်သွားလို့။လင့်ချိတ်သွားလို့ကျေးဇူးပါနော်အမ :D
by the way 11:11AM u gave comment means U MISS ME :P

မိုးညချမ်း said...

မိုးညကိုလည်း တစ်ခုလုပ်ပေးပါ ... ဒါဗြဲ ... ဒါနဲ့လေ ခုမှပဲ အသူ့ Blog လေး ရောက်ဖူးတော့တယ် ... ဟိ ... စိတ်ဆိုးနဲ့နော် ... :)

Thu said...

မမမိုးည>>မီးပုံးလုပ်ပေးမယ် ။တန်းစီ..
လာလည်တာကျေးဇူးပါရှင်

စံပယ်ချို said...

အသူကတော်လိုက်တာ နီးရင်လာပြီးလုပ်ခိုင်းပါတယ်
အသူ့လက်ရာအမှတ်တရပေါ့နော်

စံပယ်ချို said...

http://areal-myworld.blogspot.com/
အဲတာလင့် အသစ်နော်--ပေးပြီးလား မပေးရသေးဘူးလားမေ့နေလို့ ထပ်ရေးပေးခဲ့တာပါ

Thu said...

ဟုတ် လာလည်တဲ့သူတွေတစ်ယောက်တစ်လုံးလုပ်ပေးမယ်နော် :P

mabaydar said...

ဒီဘလော့လေး သိတာ နောက်ကျလို့ တောင်းပန်ပါတယ်... DIY လေးတွေ စိတ်ဝင်စားတယ်... DIY post တင်ရတာ မလွယ်မှန်းသိတယ်... တစ်ဆင့်လုပ်ရ တစ်ဆင့် ဓာတ်ပုံရိုက်ရနဲ့မို့လေ...
ဒါနဲ့ BPP Challenge ကို အချိန်မှီလုပ်ထားတယ်... ကြိုက်ရာပိုစ့်တစ်ပုဒ်ကို ၂ပတ်အတွင်းရေးနော်... ၁ပတ်မအားဘူးဆိုလဲ ရပါတယ်.. ဈေးလျော့ပေးလိုက်မယ် ၃ပတ်အတွင်းရေးပေါ့... :D

Thu said...

အမမဗေဒါ ဘယ်အချိန်ရောက်ရောက် နောက်ဆုံးတော့ရောက်လာပြီပေါ့။:D အသူအားတာနဲ့ရေ့းပေးပါ့မယ်နော် :)