Friday, September 12, 2014

အစိမ်းရောင်လွမ်းချင်း

11



Photo : Google
အစိမ်းရောင်လွမ်းချင်း
~-~-~-~-~-~-~-~-~-~
အေးစက်စက်နဲ့ ရာသီဥတုက ငါ့အတွက်တော့ လွမ်းချင်းတစ်ပုဒ်

ဘယ်သူမှမသိလဲ ငါ့အတွေးနဲ့တော့ ငါကျေနပ်နေခဲ့တယ်။

တိုက်ဆိုင်မှုမရှိ၊ အကြောင်းပြချက်မရှိ.ငါနင့်ကိုလွမ်းနေခဲ့တယ်။

မနေ့ညက အိပ်မက်ထဲမှာတောင် နင်ကငါ့ဘေးကခုံလေးမှာ

ငါရင်တွေခုန်နေခဲ့တာ တမ်းတမှုတွေအပြည့်နဲ့ပေါ့

နင့်မျက်လုံးထဲမှာတော့ အစိမ်းရောင်တွေအပြည့်ပဲ။

ငါဟာ အဆင်သင့်ဖြစ်နေတဲ့ ဥယျာဉ်တစ်ခု။

ဒါပေမယ့် ဖုန်းဆိုးမြေလို.ခြောက်တီးခြောက်ကပ်..

 ငါဟာ အုပ်ချုပ်သူမဲ့နေတဲ့ နန်းတော်တစ်ခု
ဒါပေမယ့် .............................
တွေ့ ဆုံ ကြုံ ကွဲ ဆိုတာ နင်နားလည်တဲ့တစ်နေ့

အမှတ်တရတွေနဲ့ အရာရာတိုင်းဟာ ရေပေါ်အရုပ်ရေးသလို

တဖြေးဖြေးနဲ့ ပျောက်ကွယ်ကုန်ပြီ။
သည်းခြေမရှိတဲ့ ခပ်ပိန်းပိန်း နှလုံးသားနဲ့ငါ
တိုက်နေတဲ့ လေစိမ်းတွေရဲ့ ရနံ့ကိုပဲ
အဝေးက ခံစားလွမ်းဆွတ်ပါ့ရစေတော့ကွယ်။
၁၂-၉-၂၀၁၄
2:50 PM
မကြီးစန်းထွန်း ၊ မကြီးမိုးငွေ့၊ မတိမ်လွှာဖြူ(မစနိုး) ၊ မကြီးဂျက် ၊ ကန်ဒီ တို့  challenge လုပ်တဲ့BPP challenge အတွက် ရေးဖြစ်တဲ့ကဗျာလေးပါ။သူညားကို challengeပြန်လုပ်ရမယ်ဆိုတော့ကာ.စဉ်းစားနေတယ်.ဘူ့ကိုလုပ်ရင်ကောင်းမလဲလို့။
###ဒီပို့စ်ကိုဖတ်မိတဲ့သူအကုန်### Challenge လုပ်ပါတယ်ရှင်.. :P :P 
Xie Xie ကျေးဇူးတင်ပါတယ်ရှင့်

11 comments:

Mrs. Bagel said...

တိန် :P

စံပယ်ချို said...

ကျေးဇူးပါညီမလေးရေ
ခံစားချက်လေးတွေ ရေးဖွဲ့ထားတာ အမြဲဖတ်ချင်ပါ
တယ်။

Thu said...

မြတ်ကြည်၊မမစံပယ်>>၂ယောက်တော့မိပြီ :P

Phyu Lwin said...

Challenge reply လာဖတ်တွားဒယ်။။ တစ်ပုဒ်ပြီးရင် နောက်တစ်ပို့စ် ထပ်ချဲမယ် :D

rose of sharon said...

အစိမ်း​ရောင်​လွမ်းချင်း​လေးလာ​ရောကိခံစားသွားတယ်​​နော်

Thu said...

တိမ်လွှာဖြူ(မစနိုး) >>ထပ်ရေးမယ် ထပ်ချဲမယ်:D မမနော်ဖော>> လာဖတ်သွားလို့ကျေးဇူးပါရှင်

Yoemyaykya said...

မရောက်ဖြစ်တာတော်တော်ကြာပါပကော။
ဘာတွေချဲနေကြတာတုန်း။
ဒီဇင်ဘာစာမေးပွဲပီးရင်တော့ ဘလော့ဂ်မှာ ပြန်ခြေချမယ်ကွ

Thu said...

ရိုးမြေကျ>>သိချင်လိုက်ရှာဖတ် :P :P
စာမေးပွဲဖြေနိုင်ပါစေတော် ^_^

Ashley Myat said...

မြတ်လည်း လေစိမ်းတွေရဲ့ ရနံ့ကို အဝေးက ခံစားလွမ်းဆွတ်သွားပါတယ်ကွယ် ◠‿◠✿

ရင်ငြိမ်းသူ (Yin Nyein Thu) said...

လူလည်လေးပါလားနော် ... :)

Thu said...

Ashley Myat>> ကျေးဇူး ^_^
ရင်ငြိမ်းသူ>>ရေ ဟိကိုယ့်ပို့စ်လာဖတ်ပြီးကွန့်မန့်ပေးမယ့်သူက၁၀ယောက်တောင်မပြည့်ဘူးဆိုတာသိလို့ အဟီး :P