ပန်းခရေ နွမ်းကျေပေမယ့်
သင်းရနံ့
မွှေးလျက်သာ
ကျန်ရစ်တယ်။
ပင်ခြေရင်းကိုလေ
ညနေတိုင်
အကြွေကောက်
အရောက်လာခဲ့တယ်။
ကိုယ်ကိုယ်တိုင်
သီကုံးကာ
ချစ်သူတို့
ပန်ဆင်ဖို့
ရမ်းရော်လို့ကွယ်။
ပန်းမြင်ရင်
ချစ်သူတို့
ပျော်မဆုံးပါဘူး
မယ်သီပြန်
ခင်ကတုံး
ပန်းကိုင်လို့တွေ။
အဆုံးမှာ
ပေးတဲ့ခရေကုံး
နိဗ္ဗာန်ရည်မျှော်
နိဗ္ဗာန်ရည်မျှော်
ဘုရားလှူတော့မည်။
မနေ့က တနင်္ဂနွေနေ့ သောကြာနေ့က salaryမရထားတဲ့အခံ၊ စနေတစ်နေ့လုံး မိုးကောင်းကောင်းနဲ့ကွေးခဲ့ကြတဲ့အခံနဲ့။ တနင်္ဂနွေကျောင်းလာရတာ.အားလုံးလေးတိလေးတွဲနဲ့။
ဒီအချိန်က ကျုတိုရီရယ်တွေ၊စာမေးပွဲတွေနဲ့အလုပ်ရှုပ်တဲ့အချိန်ဆိုတော့ ပျင်းဖို့လဲ မအား...
ပလပ်ကျွတ်နေတဲ့သူငယ်ချင်းတွေအားလုံးအတွက် နန်းရှေ့မှာနေတဲ့သူငယ်ချင်းကိုယ်တိုင် စနေနေ့ညနေက ကုသိုလ်တော်ဘုရားသွားပြီး ခရေပန်းလေးတွေကောက်ပြီးသီလာပေးတော့ အားလုံးပျော်လိုက်ကြတာ..
မနေ့ညက ခရေပန်းကုံးလေးခေါင်းကဖြုတ်တဲ့ထိ မွှေးတုန်း ဆိုတော့ကာ..
♥Happy Blog Day♥ နောက်တောင်ကျနေပြီ။ :P
အသူက လူကြောက်တယ်။တော်ရုံတန်ရုံဆိုလူရှိန်တတ်တယ်။သူများကလေသံမာမာနဲ့ပြောရင် မျက်ရည်ကဝဲချင်ချင်..တော်ရုံတန်ရုံခံစားချက်၊ရေးမိတဲ့ကဗျာဆိုတာကို ဖတ်ပေးမယ့် နားထောင်ပေးမယ့် ခံစားချက်တူ၊ဝါသနာတူသူငယ်ချင်းဆိုတာမရှိ၊
ဖေ့ဘုတ်ဆိုတာကလဲ..လူတရုံးရုံးနဲ့ဆိုတော့ ကိုယ်ရေးတဲ့ခံစားချက်ကို သူတို့ရဲ့commentတစ်ကြောင်းနဲ့ ပျက်ရယ်ပြုတာလဲမခံချင်တော့ဘလော့ဂ်လေးကိုလုပ်ဖြစ်တယ်။
အစကသူများတွေလာဖတ်ဖို့လဲမရည်ရွယ်ပါဘူး။ဒါပေမယ့် တဆင့်စကားတဆင့်ကြားပြီးဘလော့ဂ်လေးကိုလာဖတ်တဲ့သူတွေရှိလာတော့လဲ..ပီတိဖြစ်ရပြန်ကော။
ဘလော့ဂ်စလုပ်မိတဲ့နေ့ကနေဒီနေ့အချိန်ထိ..ကိုယ့်ခံစားချက်.ကိုယ်အကြိုက်ကိုသာရေးမိခဲ့တာ။
ကဗျာဆိုလို့လဲကောင်းကောင်းကန်းကန်းမရေးတတ်၊စာအရေးအသားလဲမကောင်း..ဒါပေမယ့် ပို့စ်အသစ်တင်တိုင်း လာဖတ်တတ်တဲ့သူတွေကိုတော့ တကယ့်ကို အသူက ကျေးဇူုးအများကြီးတင်ပါတယ်လို့။
ပြီးအသူဘလော့ဂ်စလုပ်ကတည်းကcommentပေးတဲ့ ကန်ဒီ၊မိုးသက်..(သူတို့ဆိုကျွန်တော့်ထက်အသက်ငယ်ပေမယ့် ကျွန်တော်ကပြန်အတုယူရတယ်။)
သနပ်ခါးမေ(မြတ်ကြည်)၊တီတီမီးငယ်၊တီလေး(တီတီကျုတီ)(ခုတော့ဖဘမှာဟင်းချက်နေလေရဲ့)........တို့.
ဆိုကိုယ်တိုင်လဲအမြဲသွားဖတ်ဖြစ်သလို.သူတို့ကလဲ လာဖတ်နေကြ။သူကြီးမင်း၊ဦးဟန်ကြည်၊မသက်ဝေ၊အန်တီတင့်၊အမမဒမ်ကိုးတို့ဆို.
အသူကိုသိပါ့မလားမသိပေမယ့် အသူကအမြဲသွားဖတ်ဖြစ်တဲ့ဘလော့ဂ်..တွေ
(ပြောဖို့များကြီးကျန်သေးတယ်)အသူမသိဘဲတိတ်တိတ်လေးလာဖတ်သွားတဲ့သူတွေ၊ကွန့်မန့်ပေးတတ်သူတွေ
၊ခင်မင်ရသူတွေ အားလုံးအားလုံးကို Xie Xie ♥♥
အသူကိုသိပါ့မလားမသိပေမယ့် အသူကအမြဲသွားဖတ်ဖြစ်တဲ့ဘလော့ဂ်..တွေ
(ပြောဖို့များကြီးကျန်သေးတယ်)အသူမသိဘဲတိတ်တိတ်လေးလာဖတ်သွားတဲ့သူတွေ၊ကွန့်မန့်ပေးတတ်သူတွေ
၊ခင်မင်ရသူတွေ အားလုံးအားလုံးကို Xie Xie ♥♥
အင်တာနက်ကိုအလွယ်တကူသုံးနိုင်နေသရွေ့တော့ အမြဲမဟုတ်တောင် ပို့စ်တွေတင်ဖြစ်နေမှာပါ။
♥ကျေးဇူးတင်ပါတယ်ရှင်♥




9 comments:
မယ်သီဝတ်တာ မသိလိုက်လို့ စိတ်မကောင်းပါဘူးတဲ့။ ခင်ကတုံးက ပြောခိုင်းလိုက်တယ်။ :P
ခစ်ခစ်..မယ်သီလကိစ္စက သူငယ်ချင်းတစ်ယောက်ကိုစရေးထားတာ :P
အသူရေ
ကဗျာလေးဖတ်ပြီး ခရေပန်းလေးကိုလွမ်းမိတယ်
စာတွေ အမြဲရေးနိုင်ပါစေလို့
အသူဘာရေးရေးလာဖတ်ပြီးကွန့်မန့်ပေးတတ်တဲ့မကြီးစံပယ်ကိုလဲကျေးဇူးအများကြီးတင်ပါတယ်မမရေ။
အခွင့်ကြုံရင်ခရေပန်းလေးတွေလက်ဆောင်ပေးချင်ပါသေးတယ်။
အသူ့ကဗျာလေးကို မြတ်လာဖတ်သွားပါတယ်နော်
ခရေပန်းရနံ့ကိုလည်း ကြိုက်တယ်
လမ်းမှာတွေ့ရင် အရမ်းကောက်ချင်တာပဲ ...
အသူရေးချင်တဲ့ ခံစားချက် အကြောင်းအရာကို ကြိုက်သလို ရေးပါနော်
မြတ် က အားပေးနေပါတယ်လို့ ... :)
အချိန်ရမယ်ဆိုရင် ဘလော့လေးမှာ
အချိန်ပေးပြီး ပို့စ်လေးတွေ ရေးပါဦး မကြီး
ဘလော့ကိုလည်း အရင်တုန်းကလို ပြန်စည်ကားစေချင်မိတယ်
Happy Blogger Day နော် မကြီး
Ashley Myat>>ကျေးဇူးနော်sis :)
နွေလ>>နွေလရေ အမကတော့အကြောင်းအရာလေးတွေစိတ်ထဲရှိတိုင်းရေးဖြစ်မှာပါ။Happy Blog Day too bro :)
ချစ်စရာ ကဗျာလေး။
Yin Nyein Thu>>လာဖတ်သွားလို့ကျေးဇူးတင်ပါတယ်။
Post a Comment