Tuesday, March 5, 2013

◕◕ဆည်တော်လေးတောင်ပေါ် ဘုရားပတ်လမ်းနှင့် ရင်ပြင်တော် အလှူ◕◕

7

ဒီတပတ်တော့ စာမေးပွဲတွေရှိလို့ အလုပ်တွေရှုပ်နေခဲ့တယ်.. 
ခုထိလဲမအားသေးဘူး..:'(
 စာမေးပွဲတွင်းကြီးတဖွဲ့သားလုံးအလှုလုပ်ဖြစ်ခဲ့တဲ့အကြောင်းလေးဝေမျှချင်လို့ပါ..
အသူတို့ဌာနမှုးနဲ့ ချစ်မကြီးတစ်ယောက်ရဲ့ဦးဆောင်မှုနဲ့ ဆည်တော်တောင်မှာ..လမ်းခင်းတာတွေမှာ..တဖွဲ့သားလုံးပါဝင်ဖြစ်ခဲ့ပါတယ်..
တလမ်းလုံးတော့မဟုတ်ဘူးပေါ့ရှင်..အသူတို့အဖွဲ့ကရင်ပြင်တော်ရှေ့လမ်းခင်းတာမှာအလှူပါဝင်ဖြစ်ခဲ့တာပါ။
တဖွဲ့သားလုံးစာမေးပွဲကြောင့်ပင်ပန်းနေပေမယ့်..တောင်သူလယ်သမားနေ့မှာတော့ မပင်မပန်းနဲ့တောင်ပေါ်ထိအရောက်ရေစက်ချလှုဒါန်းဖြစ်ခဲ့ကြပါတယ်ရှင်....
 
မဟာအဂ္ဂံအဂ္ဂေါ မြတ်စွာဘုရားကြီး












မစိုးရိမ်ဆရာတော်ကြီးအား.. ဆည်တော်တောင် ဘုန်းဘုန်းဦးပညာဇောတမှ ခရီးဦးကြိုပြုနေပုံ
မစိုးရိမ်ဆရာတော်ကြီးမှ တရားချီးမြှင့်ပေးနေပုံ
တရားနာပရိသတ်
 
IT အဖွဲ့ရဲ့အလှူ ရင်ပြင်တော်အပြည့်လမ်းခင်းခဲ့ပါတယ်..


















ဘုရားရှေ့ရင်ပြင်တော်..

















နွေရောက်ပြီဆိုတာအရမ်းသိသာတာပဲ... အပင်တွေတောင်ခြောက်ကပ်လို့
၁၀လပိုင်းတုန်းက တတောင်လုံးစိမ်းလို့စိုလို့ပေါ့
ရင်ပြင်တော်ဘေးဘောင်တွေတော့ ကျောက်ပြားကပ်ဖို့လိုနေပါသေးတယ်။ပိုက်ဆံစုကြအုန်းမယ်.. 
တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမားဂုဏ်ပြုတဲ့အနေနဲ့တစ်ယောက်ကို ထမင်း၂ပွဲစီပဲစားခဲ့ကြတယ် .. :P















အသူတို့နဲ့အပြိုင်..အလှူ့ပရိသတ်ကြီးကလဲအားပေးကြပါတယ်..



တောင်တောင်ရှု့ခင်းတွေကအရမ်းလှတော့..တင်ချင်လိုက်တာ.. မော်ဒယ်လေး ◕ ‿ ◕✿ တော့သည်းခံပြီးကြည့်နော်..
နေလဲအရမ်းပူတယ်..အဲ့ကပြန်တော့ မျက်လုံးတောင်ကိုက်လို့ ≧=ʘ‿ʘ=≦

အပြန်ကားပေါ်ကနေလှမ်းရိုက်တာ..ပေါက်ပင်ကြီးလားမသိ..အညာရဲ့ရနံ့ကိုရနေတယ်.
ဖုန်တွေကလည်းတလုံးလုံးနဲ့လေ.
.













အပြန်တော့ ပင်ပန်းလွန်းလို့ ဆည်တော်လေးဆိုတာလဲမရောက်တော့ဘူး။ရာသီဥတုကလဲအတော်ပူတာကို..

အသူတို့ရဲ့အလှူလေးကို သာဓုခေါ်ပေးကြပါအုန်းနော်..
အသူတို့အဖွဲ့ကတော့ကြုံရင်ကြုံသလို ပိုက်ဆံစုပြီးလိုတဲ့နေရာတွေလဲလှူသွားမှာပါ။ခုလဲမန်းပုံရိပ်အဖွဲ့တွေနဲ့ပေါင်းပြီး ပရဟိတလုပ်ငန်းတွေလဲလုပ်ဖြစ်နေကြပါတယ်.. 
၂-၃-၂၀၁၃(တောင်သူလယ်သမားနေ့)အလှူမှတ်တမ်း

7 comments:

Yoemyaykya said...

ပရဟိတတွေချည်းလုပ်နေတယ်ဆိုတော့ ဒါဆိုနာလဲ အလှူခံမယ်ဒေါ်အသူ။ အလိုလေး တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုပြီး ထမင်းနှစ်ပွဲစီစားတယ်။ ဘုရားဘုရား

Thu said...

:D
လောလောဆယ်..အသူ့က ဖုန်းအလှူခံတယ်သိလား :P

စံပယ်ချို said...

တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမားဂုဏ်ပြုတဲ့အနေနဲ့တစ်ယောက်ကို ထမင်း၂ပွဲစီပဲစားခဲ့ကြတယ် .. :P----
အဲလို ဂုဏ်ပြု ပွဲ တက်ချင်တယ် နောက်ထပ်ရှိသေးလား.....P
တချို့ရှုခင်းလေးတွေအရမ်းလှတယ်
အောက်ဆုံပုံရယ် အောက်ဆုံးက အပေါ်ပုံလေးရယ်ပေါ့
ပရဟိတလုပ်ငန်းတွေများများလုပ်နိုင်ပါစေလို့
သတိတရနဲ့လာဖြစ်နေတယ်

Thu said...

မမစံပယ်>>>ဓါတ်ပုံထဲတော့လှတယ်... အသူတို့သွားတုန်းကတော့
နေအရမ်းပူနေလို့.ဓါတ်ပုံတောင်မနဲရိုက်ရတယ်မမရယ်.

သတိတရနဲ့ဘာပို့စ်တင်တင်လာဖတ်လို့ ရှဲရှဲ

လွင်ပြင်လှိုင်းငယ် said...

ပို့လေးကို အားပေးသွားပါတယ် နေတော်တော်ပူမှာပဲနော် ။

မိုးနတ်ကြယ်စင် said...

သာဓုခေါ်ပါတယ် အသူရယ်...:)
အသူတို့ အလှူလေးကိုကြည့်ပြီး ကြည်နူးဝမ်းသာ
ဖြစ်ရမိပါတယ်...ဒါထက် နာ့အသူလေးတစ်ယောက်
အရမ်းပင်ပန်းနေတော့မှာပဲဟာ...
ရာသီဥတုက သိပ်ပူတာလေ :(((
ချစ်တဲ့...မိုးနတ်

Thu said...

နေပူချက်ကတော့ ရိုက်သမျှပုံတိုင်း မျက်စိကိုမပွင့်ဘူး။ :PP
လူလဲနုန်းနေတာပဲ။ဒါပေမယ့်အလှူဆိုတော့ ပင်ပန်းပေမယ့်ပျော်နေကြတာလေ :)))

Thanks so much to ကိုလွင်ပြင်၊ မိုးနတ်..