![]() |
| ခဏခဏပြောင်းမိနေသောဘလော့ဂ်coverလေး |
ကောင်းကောင်းမသုံးဖြစ်တော့.မနေ့ကတစ်နှစ်ပြည့်တာကိုသတိရရက်နဲ့ကို ပို့စ်လေးမတင်လိုက်ရဘူး။
တခါတလေတော့လဲစဉ်းစားမိတယ်..ကိုယ့်ဘဝကလဲအလုပ်နဲ့စာနဲ့ဒါနဲ့ပဲနပန်းလုံးနေရတာလားမသိဘူးလို့..
ဘလော့ဂ်လေးအကြောင်းပဲပြောတော့မယ်နော်..
ဘလော့ဂ်တွေကိုဖတ်မိနေတာကတော်တော်ကိုကြာပြီ.။ကိုယ်လဲသူများတွေလိုလုပ်ကြည့်ချင်လိုက်တာလို့လဲ
အတွေးကခဏခဏဖြစ်တယ်..ဒါပေမယ့်ယုံကြည်မှုကနည်းနေတယ်..
နောက်တော့အရင်ဆုံးကိုယ့်ဘာသာဘလော့ဂ်တစ်ခုရအောင်ဆောက်ကြည့်မယ်ဆိုပြီးကြိုးစားကြည့်တယ်...
မေးမယ့်လူလဲမရှိ။ပြောပြမယ့်သူလဲမရှိနဲ့ပထမဘလော့ဂ်တစ်ခုကရုပ်လုံးပေါ်ခါနီးspamကြောင့်ပျက်သွားတယ်.
အခုဘလော့ဂ်ကတော့ဒုတိယမြောက်ဘလော့ဂ်လေးပေါ့နော်။ဒီဘလော့ဂ်လေးကျတော့နဲနဲအဆင်ပြေသွားပြီ။
ထည့်ချင်တာလေးတွေကိုသူများဘလော့ဂ်လေးတွေလိုက်ကြည့်။Googleမှာရိုက်ရှာစမ်းတဝါးဝါးနဲ့ပေါလေ
အခုချိန်ထိတော့ပြင်လို့ကောင်းတုန်းပဲ..templateလေးလဲပြောင်းချင်တယ်..ခုတော့အားသေးဘူး.:P
ပို့စ်တွေကတော့ခုချိန်ထိ၄၉ခု..တချို့ကိုတော့သဘောကျကျေနပ်စွာနဲ့တင်မိခဲ့တယ်။
တချို့ကိုတော့စိတ်တိုင်းမကျဘူး
..ခုချိန်ထိကိုယ်ရေးချင်တဲ့ကဗျာလေးတွေတင်ဖြစ်နေတာက၁၄ပုဒ်လောက်ပဲရှိသေးတယ်...
သူများတွေတစ်နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုမှာတော်တော်ခရီးပေါက်တာကိုအားလဲကျတယ်။
အတွေးအားကောင်းကောင်း၊ရေးအားကောင်းကောင်းနဲ့ချီတက်နေကြသောမောင်နှမများကိုလဲအားကျပါဘိ။:D
Ahthuအတွက်တော့ဒီဘလော့ဂ်တစ်ခုဆောက်ပြီးကတည်းကစားလဲဒီစိတ်။အိပ်လဲဒီစိတ်ပဲ။
မအားလို့သာလိုင်းပေါ်မတက်ဖြစ်၊ပို့စ်အသစ်မတင်ဖြစ်ရင်နေမယ်..အားတာနဲ့ဒီပေါ်ပဲပြေးပြေးလာကြည့်နေမိတာလဲ
ကိုယ်ကိုယ်ကိုသာအသိဆုံး >.<:P
Ahthuရေးသမျှပို့စ်တိုင်းမှာ.အဆင်ပြေပြေမပြေပြေ..ကွန့်မန့်တွေပေးတတ်တဲ့ချစ်သောမောင်နှမများကို
ကျေးဇူးအများကြီးတင်ပါ၏။နောက်လဲကောင်းကောင်းမကောင်းကောင်းအားပေးကြပါနော်။:P
တစ်လအနည်းဆုံး၂ပို့စ်လောက်တော့တင်နိုင်အောင်ကြိုးစားမယ်.လို့ကိုယ်ဘာသာကတိပေးထားတယ်။
အဲ့လိုလေးလုပ်မှလဲတွန်းအားနည်းနည်းဖြစ်ပြီးစာရေးမပျင်းမှာလို့ထင်တယ်.ကျွန်တော်ကဖတ်အားသာကောင်းတာ
ရေးအားကျတော့နည်းတယ်။
နောင်များမှာပျောက်သွားရင်လဲလာလာချောင်းပါအုန်းလို့..ကော်နက်ရှင်းအဆင်မပြေရင်လဲပို့စ်တင်လို့မလွယ်လို့ပါ။:D
![]() |




10 comments:
Happy 1st Anniversary for your cute blog!! Happy keep blogging and always keeping my fingers crossed (y) <3 :)
တစ်နှစ်တောင် ပြည့်သွားပြီလားဗျ
အစ်မတို့တော့ မှတ်ထားတော့
ဘယ်နေ့က ဘလော့မွေးနေ့ဆိုတာ သိကြတယ်
မွေးနေ့ပွဲ ကျင်းပလို့ရတယ်
ကျနော့်မှာတော့ မမှတ်ထားမိလို့ ကွိုင်ပူးနေတယ်
ကျင်းပချင်တာတောင် ကျင်းပလို့ မဖြစ်ပါလား အစ်မရယ်
တစ်နှစ်ပြည့်မှသည် အဘိုးကြီး အဘွားကြီး ဘလော့လေး
ဖြစ်တဲ့အထိ ချီတက်နိုင်ပါစေဗျာ
Happy First Anniversary a thu :) keep on moving!!
တစ်နှစ်ပြည့်မှသည် . နောက်ထပ်နှစ်များစွာတည်တံ့ပါစေသတည်း.။
မနေ့က ဒီပို့စ်လေးအသစ်တက်လာတာ
မြင်ကတည်းက ဆုတောင်းပေးချင်နေတာ..
ပထမဆုံးများ ဆုတောင်းပေးခွင့်ရမလားလို့
မကောင်းဆိုးဝါးကော်နက်ရှင်ကြောင့်
ဘာမှ မန့်လို့မရပဲ ငုတ်တုတ်မေ့နေရတယ် :(
အကြိမ်ကြိမ်စောင့်ပြီး မန့်ပါသေးတယ်..
ဘိုမှကို ရ၀ူးးးးးးးးးးးးးးးးးးး :(((((
စီပုံးမှာလဲ ဝေလာဝေးးးးးးးးးး အာ့ကြောင့်
လက်လျှော့ပြီး ဒီနေ့မှ ဘုရားတရားတပြီး
လာချောင်းတာ ကံကောင်းထောက်မစွာနဲ့
မနု့်လို့ရလို့ ဟူးးးးးးးးးးး မောထှာ>>>>>>>
အသူ့သမီးလေးလဲ တစ်နှစ်ပြည့်သွားပြီ
မိုးနတ်သမီးလေးနဲ့ သိပ်မကွာဘူးနော်
ကောင်းတာပေါ့ သူတို့ညီမအစ်မတွေ
အဖော်ရတာပေါ့အေ .....သမီးလေး
တစ်နှစ်ပြည့်မှသည် .............
ခင်တဲ့ မိုးနတ်
အသူရေ ဖိုက်တင်းဟ။ နာကတော့ အမြဲလာအားပေးမယ်။ ခုတော့ ကိတ်မုန့်လေးဝါးတီးသွားမယ်ကွာ။ စာလုံးလေးနည်းနည်းကြီးပေးရင် မျက်လုံးအတွက် အဆင်ပြေမယ်။
ချီးစ်ယားစ်နော်... အားကျတယ်ဗျာ..ကျနော်ကတော့စာတွေဘာတွေမရေးနိုင်ဘူး.. ရေးနိုင်တဲ့ဘလော့ဂါမိတ်ဆွေတွေကိုတကယ်လေးစားပါတယ်...
ပျော်ရွှင်ပါစေနော်...
အမကတော့ ဘလော့တွေ အကုန်လုံးမသွားဖြစ်ဘူး။ တချို့ဘလော့တွေကို ရောက်ဘဲရောက်ဖြစ်တယ်။ ပြီးတော့ မမန့်ဘဲ ပြန်လာတာများတယ်။ဇွန်လတလလုံးကိုယ့်ကိုဘာလုပ်နေလဲလို့ မေးနေမိတယ်။
ခုလို လာဖတ်ရင်းနဲ့ အသူရဲ့ဘလော့၁နှစ်ပြည့်ကို ကြုံကြိုက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ စာတွေလဲ ဒီထက်တိုးပွါး ရေးသားနိုင်ပါစေ။
တစ်နှစ်ပြည့်ဆိုတော့ happy anniversary ပေါ့နော်။
ပျော်ရွှင်ပါစေ :D
တနှစ်ပြည့်ခဲ့ပြန်ပြီပေါ့ အသူရေ
အရောက်နောက်ကျနေတယ်နော် တဂယ်လဲမအားခဲ့ရလို့ပါ အသူရေ မဂျီးကိုနားလည်ပေးပါလို့နော်
နောင်နှစ်ပေါင်းများစွာ စာတွေ ကဗျာတွေ အများကြီးရေးတင်နိုင်ပါစေလို့ရှင်
Post a Comment