နောင်တ-ပြုသင့်သည်ကိုမပြုမိ
မပြုသင့်သည်ကိုပြုမိသည့်အတွက်အချိန်လွန်မှပူပန်ခြင်းတဲ့..
နောင်တတော့မရချင်ဘူး။Ahthuဒီရက်ပိုင်းစိတ်မကြည်ဘူး။ဘာအလုပ်ပဲလုပ်လုပ်စေတနာပါပါ၊အပင်ပန်းခံပြီးလုပ်ပေးတတ်တယ်။တခါတခါကျတော့လဲ
နာမည်နဲ့လိုက်အောင် တော်တော်များအနေလားမသိဘူး >.<
တခါတခါတော့လည်းအလုပ်လုပ်ရတာ
စိတ်ပျက်မိတယ်။အလုပ်လုပ်မယ်ဆုံးဖြတ်ပြီး ကိုယ့်အတွက်အစစအရာရာအကောင်းဆုံးဖြစ်မယ်ထင်တဲ့အလုပ်ကိုရွေးချယ်မိတာပဲလေ။ဘာလေးပဲ
လုပ်မိလုပ်မိ...သူများ ငါ့ကို ဘယ်လိုမြင်မလဲ? ဘယ်လိုများ တွေးမလဲ ? ... ဆိုတာတွေ တွေးရင်း
ပူပန်နေတတ်တဲ့ အကျင့်ကြီးက မပျောက်ဘူး။အမှန်တကယ်ဖြစ်သင့်တာက ....
သူများ ငါ့အပေါ် ဘယ်လိုမြင်မလဲ ဘယ်လိုတွေးနေမလဲ ဆိုတာကို စဉ်းစားနေမယ့်အစား
အဲ့ဒီ သူများအပေါ် ကိုယ့်လုပ်ရပ်က ကောင်းကျိုးမသက်ရောက်ရင်တောင် မကောင်းမဖြစ်ရင် ပြီးတာပဲ
ဆိုတဲ့ .... လွတ်လပ်တဲ့ စိတ် ... ရှင်းတဲ့ စိတ် ရှိသင့်တာ အော် ... သိကားသိ၏ မကျင့်မိ ဖြစ်နေတယ်။ Ahthuမှာဆိုးတာအဲ့တာပဲ.ကိုယ်ချစ်တဲ့ကလေးလေးတွေကိုနေ့တိုင်းမြင်ရတာတော့အရမ်းကြိုက်တယ်။တစ်ယောက်သောသူကလည်း မIELTSမဖြေတော့ဘူးလားတဲ့။ဘာစာမှလဲမရပါသေးပါဘူး။ဖြေပြီးရင်ကော ဘာဆက်လုပ်ရမလဲ။အသူမှာခက်နေတာအခုအဲ့တာပဲ။ဖြစ်ချင်နေတာက စကောလာတစ်ခုခုလျှောက်ပြီး postgraduateတစ်ခုခုယူချင်နေတာ။အိမ်ကိုလည်းဒီတိုင်းပစ်မသွားရက်ဘူး။ခုချိန်မှာ ကိုယ်ကအဓိကမဟုတ်တောင်တစ်ဖက်တစ်လမ်းကအားဖြစ်နေတယ်ဆိုတာကိုသိနေတော့ ဘယ်လိုအင်အားနဲ့ရုန်းထွက်ရမလဲ..ဟမ်းးးးးးးးးးးးးးးးးးး :’(

စာတွေလဲသင်တာသင်နေတာ..တကယ်တတ်သင့်တဲ့ပညာတွေမတတ်သေးဘူးထင်ပါရဲ့
(ကိုယ့်ဘာသာမကျေမနပ်ရေရွတ်သည်).
ဘာပဲဖြစ်ဖြစ်ကိုယ့်မှာမိစုံဘစုံနဲ့ပညာကိုဆုံးခမ်းတိုင်အောင်သင်ခွင့်ရတယ်။အမြင့်ကြီးမဟုတ်တောင်
သူများထက်မနိမ့်တဲ့အနေအထားနဲ့နေနေခွင့်ရတာတော့
အပါနဲ့မေကိုအရမ်းကျေးဇူးတင်ပါတယ်။သူတို့နှစ်ယောက်မှာဒီအသက်အရွယ်ရနေတာတောင်သားသမီးတွေ
ကိုပူပန်နေရတုန်း။ကိုယ်တွေကမပြုစုဘူး.ခဏခဏချူချာတတ်တဲ့သမီးကိုပြုစုရ။တဇွတ်ထိုးနဲ့လျှောက်လုပ်တတ်တဲ့သားကြီးကိုပူရ။အဝေးမှာစာသင်နေတဲ့သားငယ်လေးအတွက်လုပ်ပေးရနဲ့။ဒါတောင်
ကိုယ်ကပဲခွဲသွားဖို့ကြိုးစားမိနေတာ၊တွေးမိနေတာတကယ်စိတ်ထဲမကောင်းဘူး။
အမေကသားသမီးတွေကိုအရမ်းပူပန်တတ်တယ်။သူ့တုန်းကမိဘတွေရဲ့နွေးထွေးမှုကိုမရခဲ့လို့တဲ့။အမေ့အသက်၆နှစ်လောက်မှာအဖေဆုံးတယ်။၇နှစ်ကျော်လောက်မှာအမေဆုံးတယ်။
အမေ့အသက်၆နှစ်ကျော်၇နှစ်ကအရွယ်ကတည်းကမိဘတွေဆုံးသွားတော့သွက်သွက်လက်လက်လေးမို့ဆွေမျိုးရင်းချာတွေကလာတောင်းကြတယ်တဲ့။စာသင်ပေးဖို့၊ပညာသင်ပေးဖို့တော့မဟုတ်ဘူး။
အိမ်မှာခိုင်းဖို့တဲ့..သူကလေးကသွက်လို့ဆိုပြီးတော့လေ။အမေ့အမအကြီးဆုံးကမောင်နှမတွေအားလုံးကိုသူများလက်မပေးဘဲ.သူပဲအလုပ်လုပ်ပြီးမောင်နှမတွေအားလုံးကိုကြိုးစားပြီးပညာသင်ပေးခဲ့တာအားလုံးဘွဲ့ရပညာတတ်တွေဖြစ်တယ်.
.မောင်နှမတွေမနက်အစောကြီးထပြီးကောက်ညှင်းထုပ်ထုပ်ကြရတယ်တဲ့။
အမေ့အမကြီးသာသတ္တိမရှိခဲ့ဘူး.
.အမကြီးလိုစောင့်ရှောက်မယ့်သူမရှိဘူးဆိုရင်လဲအမေ့တို့မောင်နှမတွေလမ်းဘေးပဲရောက်မလား၊
အိမ်ဖော်ပဲဖြစ်ကြမလား.....
တခါတလေ ဘာကိုမက်မောမိလောဘတက်မိပြီး။မိဘကျေးဇူးကို မေ့မေ့သွားရပါလိမ့်။
Ahthuလဲမိဘလောင်းရိပ်အောက်မှာနေပြီးမိဘကျေးဇူးခံယူနေရတဲ့တခါတခါမိုက်မဲမိတဲ့သမီးမလိမ္မာလေးပါ။
ဟိုနေ့ကကျောင်းကစက်မှုထဲကမိဘမဲ့ကျောင်းမှာသွားလှူဖြစ်တော့မိဘကျေးဇူးကိုတွေးမိသွားတာပါ။
✿ပွင့်သောပန်းတိုင်းလန်းနိုင်ကြပါစေ✿

7 comments:
စိတ်ရဲ့ဆန္ဒနဲ့ လက်ရှိအခြေအနေနဲ့ ပဋိပက္ခဖြစ်ကြတဲ့အခါအခုလိုခံစားမှုတွေ ထွက်ပေါ်လာတတ်တာပဲ ညီမရေ
အစ်မ အကြံပေးချင်တာကတော့ “ဘယ်သူ့အတွက်လည်း ဘာအတွက်လည်း ဆိုတာတွေထက်” ကိုယ် လုပ်နိုင်သမျှ လုပ်နေဖို့ပါပဲ...။
ကလေးလေး ပုံတွေ မြင်ရာ စိတ်ထဲ တမျိုးတမည်တော့ ခံစားမိသား...။
တခါတလေမှာလဲ ကိုယ်လဲဒီလိုစိတ်မျိုးဖြစ်နေတတ်တယ်။
စကောလားရှစ်တောင်လျှောက်မယ်ဆိုတည်းက စာတော်တယ်ထင်တယ်။
မသူရေ..အဲ့ဒီပဋိပက္ခဆိုတာကိုအရမ်းကြောက်တာပဲ..
ဟုတ်ကဲ့အမပြောတဲ့အတိုင်း I try my best :)
@Shwe Yoon Wah>>စာလားတော်ပါဘူး။ကြိုးစားကြည့်ရမှာပေါ့။ခုလိုလာလည်တာကျေးဇူးပါရှင်
အလုပ်ထဲမှာ ဘယ်သူတွေကိုယ့်ကို ဘယ်လိုမြင်မလဲလို့တွေးမနေနဲ့ ။ အချိန်ကုန်တယ်အသူရ။ ကိုယ်လုပ်စရာအကောင်းဆုံးဖြစ်အောင်သာလုပ်။ နာတို့ မတွေ့တာတော်တော်ကြာပီ။
ဟုတ်ကဲ့ ^_^
မတွေ့တာတော်တော်ကြီးကိုကြာပြီ..ဘယ်တွေပျောက်နေတာတုန်း..????
ဘာလေးပဲ လုပ်မိလုပ်မိ...သူများ ငါ့ကို ဘယ်လိုမြင်မလဲ? ဘယ်လိုများ တွေးမလဲ ? ... ဆိုတာတွေ တွေးရင်း
ပူပန်နေတတ်တဲ့ အကျင့်ကြီးက မပျောက်ဘူး။
အဲ့ဒီအကျင့်လေးကတော့ ကန်ဒီနဲ့တူတယ် အသူရေ... ဘယ်လိုဖျောက်ရမှန်းကို မသိတာ >.<
မရင့်ကျက်သေးတဲ့သဘောလားတိပါဝူး ကန်ဒီရယ် :)
Post a Comment