![]() |
| Source |
ကိုယ်ကိုချည်ခဲ့တဲ့တိုင်ကလေး
______________________
အချိန်တန် တော့လည်း
ကိုယ်ချည်တိုင်ကိုယ်ပြန်လွမ်းတာ ပဲ။
ဧရာဝတီဘေးရာစုနှစ် နှစ်ခုနီးပါး
ရိုးသားစွာ ဖြတ်သန်းခဲ့တဲ့မြို့။
အချိန်တန် တော့လည်း
ကိုယ်ချည်တိုင်ကိုယ်ပြန်လွမ်းတာ
ဧရာဝတီဘေးရာစုနှစ် နှစ်ခုနီးပါး
ရိုးသားစွာ ဖြတ်သန်းခဲ့တဲ့မြို့။
လမ်းတွေကကွေ့ကောက်သလောက်
စိတ်တွေကရိုးဖြောင့်လို့ 
`ကျွန်တော်´ဆိုတာ မြို့ကလေးရဲ့ trade mark။
မြို့ကလေး ကအသားရောင်မပြောင်းပေမယ့်
လူတွေ ကအသားရောင် ပြောင်းကုန်ကြပြီ
နှာခေါင်းတိုတိုနဲ့ အိမ်နီးချင်း နိုင်ငံ စကားတတ်တဲ့မြို့။
မြောင်းတွေဘယ်လောက်ပိတ်ပိတ်
ကိုယ်အိမ်ကိုယ့် ပြန်ချင်တဲ့စိတ်တော့
ဘယ်သူကလာပိတ်နိုင်မှာလဲ။
ကျွန်တော်မပြောနဲ့ 
ဆရာဖေနဲ့ ရွှေဥဒေါင်းတောင်
ဘယ်နှစ်ပြပြဝေးဝေး ကိုယ်ချည်တိုင်ကိုယ်
ပြန်လာချင်မှာပဲ။
စိတ်တွေကရိုးဖြောင့်လို့ 
`ကျွန်တော်´ဆိုတာ မြို့ကလေးရဲ့ trade mark။
မြို့ကလေး ကအသားရောင်မပြောင်းပေမယ့်
လူတွေ ကအသားရောင် ပြောင်းကုန်ကြပြီ
နှာခေါင်းတိုတိုနဲ့ အိမ်နီးချင်း နိုင်ငံ စကားတတ်တဲ့မြို့။
မြောင်းတွေဘယ်လောက်ပိတ်ပိတ်
ကိုယ်အိမ်ကိုယ့် ပြန်ချင်တဲ့စိတ်တော့
ဘယ်သူကလာပိတ်နိုင်မှာလဲ။
ကျွန်တော်မပြောနဲ့ 
ဆရာဖေနဲ့ ရွှေဥဒေါင်းတောင်
ဘယ်နှစ်ပြပြဝေးဝေး ကိုယ်ချည်တိုင်ကိုယ်
ပြန်လာချင်မှာပဲ။
(ညီရင်သစ်)
မောင်လေးဒီနေ့facebookကနေလှမ်းပို့ပေးတဲ့ပို့စ်လေး။သူလဲအိမ်လွမ်းနေရှာတယ်ထင်ပါတယ်။
အသူထက် အကိုတွေမောင်တွေက ကဗျာရေးပိုကောင်းတာတော့သေချာတယ်။^_^



7 comments:
မွေးရပ်မြေပြီးရင် ကျွန်တော်အချစ်ဆုံးက မန်းပဲ.. :))
မိုးသက်ကို ရန်ကုန်သားလုပ်တော့မယ်မှတ်နေတာ :P
စိတ်ရဲ့ချည်တိုင် လေး ....
ဖတ်မိပြီး တောင်ကြီးကိုပိုပြီးလွမ်းနေပြီ ပြန်လဲပြန်ချင်တယ်
အင်း ကျွန်တော်ကျွန်တော်လို့ပြောတဲ့မြို့လေး လွမ်းနေရှာမှာပေါ့နော်။ ငါကတော့ မွေးရပ်က မခွာဘူးလို့ မလွမ်းဖူးသေးဘူး။ အသူရေ ငါ ခဏလောက်ဖေ့ဘုတ်မှာပျောက်ဦးမယ်ဟေ့
မမထရီဆာ>>^_^
မမစံပယ်>>အိမ်မြန်မြန်ပြန်လာနိုင်ပါစေ
ရိုးမြေကျ>>ရန်ကုန်သွားရရင်ပျော်နေတဲ့သူကြီးနော်.ဟွန်း
အင်းဖေ့ဘုတ်ကပျောက်လဲဘလော့ဂ်လေးတော့လာလည်ပါနော်.
ဒီကဗျာလေးဖတ်မိချိန်မှာ အိမ်ကို အကြီးကြီး လွမ်းမိသွားတယ်။
Post a Comment