![]() |
| Photo:Google |
ကျောင်းပြီးလို.အလုပ်စလုပ်တော့မယ်ဆိုတော့ ရွေးချယ်လိုက်မိတာက စာသင်တဲ့ကျောင်းဆရာမ။ကိုယ်ရထားတာကကွန်ပျုတာဘွဲ.။
အစကတော့မိုးလားကဲလားနဲ.Programmer Developerပေါ့
ဘဝဆိုတာထင်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုတာတကယ်သိသွားတယ်အဲ့ဒီအချိန်မှာ
စာသင်တဲ့ဘဝကိုကျေကျေနပ်နပ်ခံယူပြီးတဲ့နောက်မှာရလာတဲ့အကျိုးကျေးဇုးတွေကတော့ လူမကြောက်ဘဲ လူရှေ့သူရှေ့ဆိုပြောရဲလာတယ်။အရင်ကဆို လူရှေ့ထွက်ပြောရမှာအရမ်းကြောက်ခဲ့တာ။အာပြဲလာတယ်။
အိမ်ကတောင်နာမည်ပြောင်းပေးထားတယ်။"အာပြဲမ"တဲ့။ တွေ.သမျှလူအမိန်.ပေးချင်လာတယ်။အကုန်ကိုယ့်တပည့်ထင်နေတော့မခက်ဘူးလား။
ကလေးဆိုရင်မမြင်ချင်လောက်အောင်မုန်းလာတယ်။ခစ်ခစ်ဒါပေမယ့်ဘယ်လိုပဲပြောပြော အခုတော့ကိုယ်လုပ်နေတဲ့အလုပ်ကိုပျော်လာပြီ။ကိုယ့်သူငယ်ချင်းတွေ နိုင်ငံခြားမှာProgrammerတွေလုပ်ပြီး ပိုက်ဆံတွေအများကြီးပို.နိုင်တာ မြင်တော့လဲ အားကျတယ်။အို ဘာဖြစ်လဲ နေသလိုမဖြစ်တော့လဲ ဖြစ်နေတဲ့ဘဝမှာအဆင်ပြေအောင်နေတော့မှာပေါ့ကွယ်။☺☺☺
![]() |
| Photo:Google |




4 comments:
ကန်ဒီ ငယ်ငယ်က ဆရာမ သိပ်ဖြစ်ချင်ခဲ့တာ..
အထူးသဖြင့် ကလေးသေးသေးလေးတွေကို သင်တဲ့ဆရာမပေါ့.. :D
အင်း အသူလဲကလေးတွေဆိုအရမ်းချစ်တယ်။အဲ့တာကြောင့်လဲ နိုင်ငံခြားမထွက်ဖြစ်တဲ့နောက် ကလေးတွေနဲ.နီးစပ်တဲ့ဒီအလုပ်ကိုရွေးချယ်မိတာလေ။အမဘလော့ဂ်လေးကိုလာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။
အမက ရေးချင်တာပဲရှိတာ။စိတ်ထဲရှိတာကိုချရေးဖို.ကျတော့ လက်ကထွက်မလာတော့ဘူး။တော်တော်လေးကိုကြိုးစားရအုန်းမှာပါ။နောက်လည်းလာလည်ပါအုန်းနော်။အသူလဲကြိုးစားပြီး ပို.စ်အသစ်တွေတင်ပါအုန်းမယ်။
ညီမလေးရေ...
“မ“ လည်း အလုပ်ချင်ဆုံးအလုပ်က မူကြိုဆရာမ..
အပြစ်ကင်းစင်တဲ့ ကလေးလေးတွေနဲ့ နေရတာ အရမ်းသဘောကျတယ်..
ညီမလေး ဖြစ်ချင်တာတွေလည်း အောင်မြင်ပါစေကွယ်...
အင်း ကလေးတွေတော့အရမ်းချစ်တယ်။
Ahthu မေဂျာက ကွန်ပျုတာဆိုတော့ ကွန်ပျုတာတီချယ်လုပ်ဖြစ်သွားတာ။
PreSchoolဆိုရင်တော့ ဟုတ်လောက်တယ်။ကလေးလေးတွေကအရမ်းချစ်ဖို.ကောင်းတာ။အရမ်းလည်းလေ့လာချင်ကျတာ။ခုအနော်ရောက်နေတာကGCEဆိုတော့ မျောက်မူးလဲလေးတွေ ဖြစ်ကုန်ပြီ။ဟိဟိ။တစ်ယောက်တစ်မျိုးပေါ့။ကလေးတွေဆိုတာကတော့ ဘာလုပ်လုပ်ချစ်ဖို.ကောင်းနေကျတာပါပဲ။ဆော့လွန်းလို.စိတ်တိုရတာလည်းရှိတာပေါ့။:)
Post a Comment