Wednesday, August 29, 2012

လွယ်ကူစွာနဲ.အကြောလျှော့နည်း

0


        မနက်ခင်းတိုင်းမှာ အိပ်ရာလိပ်ကိုခင်းပြီး ဒီလွယ်ကူတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။
ခန္ဓာကိုယ်အကြောလျှော့နည်း
Photo source:rdasia.com
          တနေကုန် စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ နောက်ကြောတက်တတ်တဲ့ ဝေဒနာကို ခံစားကြရပါတယ်။ အထူးသဖြင့် ကွန်ပျုတာသမားတွေမှာ ပိုဖြစ်မယ်ထင်တယ်။ဒီလေ့ကျင့်ခန်းလေးကတော့ လွယ်ကူပြီး သက်သာတဲ့နည်းလေးပါ။ ကြမ်းပေါ်မှာ ဒူးကိုကွေးရက်သားနဲ. ထိုင်ချလိုက်ပါ။ ခြေဖဝါးတွေကိုကြမ်းပေါ်မှာ အပြားလိုက်ချပါ။ ခြေဖနောင့်နဲ. ကြမ်းပြင်ကို ထိတဲ့အထိ ခြေချောင်းလေးတွေကို မတင်ပါ။
          ကျောကို မတ်မတ်ထားပြီးထိုင်ချလိုက်ပါ။ လက်တွေကို ညို.သကြီးပေါ်တင်ပါ။ မေးစေ့ကို ရင်ညွန်.ပေါ်ထားပြီး တင်ပါးကနေ အရှေ့ကို ကွေးချလိုက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို ဒူးဆီကွေးနိုင်သမျှ ကွေးချပါ။ ၂စက္ကန်.လောက် ဒီအနေအထားအတိုင်းနေပါ။ ဖြေလျှော့လိုက်ပါ။ ဒီအတိုင်း ဆယ်ကြိမ်လောက် လုပ်ပါ။
          ဒီလေ့ကျင့်ခန်းကို နေ.စဉ်မှန်မှန်လုပ်မယ်ဆိုရင် နောက်ကြောတတ်တာတွေသက်သာစေပါတယ်။
Pelvic Tilt
Photo source:rdasia.com
        ဒီအကြောလျှော့နည်းကတော့ နောက်ကျောကြွက်သားကို ပြေလျော့စေပြီး တင်ပဆုံကိုလည်း တည့်မတ်စေပါတယ်။ ဒီနည်းကလည်း ပထမနည်းအတိုင်းပါပဲ။ ကြမ်းပေါ်မှာ ဒူးကိုကွေးရက်သားနဲ. ထိုင်ချလိုက်ပါ။ ခြေဖဝါးတွေကိုကြမ်းပေါ်မှာ အပြားလိုက်ချပါ။ သင့်ရဲ.ညာဘက်ပေါင်ကိုရင်ညွန်.ဆီကိုမပါ။ လက်နှစ်ဘက်လုံးနဲ. ပေါင်နောက်ကနေ ထိန်းကိုင်ထားပါ။ ဒူးတွေကို ရင်ဘတ်ဆီနီးနိုင်သမျှနီးအောင် ထားပါ။  ၂စက္ကန်.လောက် ဒီအနေအထားနဲ.နေပါ။ ဒီအတိုင်း ၁၀ကြိမ်လောက်လုပ်ပါ။ ခြေထောက်ကို ဘက်ပြောင်းပြီး ညာဘက်က လုပ်သလို လုပ်ပါ။

ဒူးကောက်ကြော အကြောလျှော့နည်း
Photo Source:rdasia.com
        ကြမ်းပေါ်မှာ ဒူးကိုကွေးရက်သားနဲ. ထိုင်ချလိုက်ပါ။ ခြေဖဝါးတွေကိုကြမ်းပေါ်မှာ အပြားလိုက်ချပါ။ ညာဘက်ဒူးကို ရင်ဘတ်ဆီကိုမပါ။ ခြေဖဝါးမှာ exerciseလုပ်တဲ့ကွင်း၊ ကြိုး၊ သဘက်ရှည်၊ ခါးပတ်တမျိုးမျိုးကို ခြေဖဝါးမှာ ကွင်းသိုင်းပါ။ကွင်းရဲ.အစွန်းကို ဘယ်ဘက်လက်နဲ. ကိုင်ထားပါ။ သင့်ရဲ. ခြေထောက်ကို မျက်နှာကြက်ဆီ ဆန်.ထားပါ။ သင့်ရဲ. ညာဘက်လက်ဖဝါးနဲ. ညာဘက်ပေါင်ကို ထိန်းကိုင်ထားပါ။ ပိုတင်းစေချင်ရင်တော့ ကြိုးကို ဆွဲပြီး အတင်းအလျှော့လုပ်လို.ရပါတယ်။ စက္ကန်.၃၀လောက်ကိုင်ထားပါ။ ပြီးရင်ဖြေလျှော့ပါ။ ဒီအတိုင်း ၃ကြိမ်လောက်လုပ်ပါ။ ပြီးရင်ခြေထောက်ကို ဘက်ပြောင်းပြီး ညာဘက်ကလုပ်တဲ့အတိုင်းလုပ်ပါ။
* ဒီတစ်ပတ်ပိတ်ရက်မှာ Reader Digestမှာ Forty-5 minute Health Fixes ဆိုတဲ့ဆောင်းပါးလေးကိုဖတ်မိပြီးတော့ ကိုယ်ကိုယ်တိုင်လည်း လုပ်ကြည့်လို. အဆင်ပြေလို. တင်ပြလိုက်ပါတယ်။
*       ရွှင်လန်းချမ်းမြေ.ပါစေရှင်။   

0 comments: