Sunday, September 30, 2012

မွေးနေ.အလှူ

14

မွေးနေ.အလှုဆိုတော့ Ahthuမွေးနေ.အလှုမှတ်အုန်းမယ်။
သူငယ်ချင်းရဲ.မွေးနေ.ပါ။ အဲ့ဒီသူငယ်ချင်းက
ကွန်ပျုတာတက္ကသိုလ်တက်ကတည်းကလည်း ခင်ခဲ့တာ။
အခုအလုပ်ရောက်တော့အတူတူဖြစ်နေတာလေ။
သူက မွေးနေ.ကို အလှုလေးလုပ်ချင်တယ်ဆိုတာနဲ. သူတို.အိမ်နားက
မစိုးရိမ်သီရိမင်္ဂလာစာသင်တိုက်မှာပဲ အာရုံဆွမ်းကပ်ပြီး သူငယ်ချင်းတွေကို
ကြာဇံဟင်းကျွေးတယ်။ အဲ့တာ မနက်ကတည်းက
သွားကူလုပ်ပေးတာလေ။ကျွန်တော်ကများသောအားဖြင့် အလှူတွေဆို
အဲ့လိုဝေယျဝေစ္စတွေလိုက်လုပ်ပေးပြီးကုသိုလ်ယူဖြစ်တယ်။သူလခနဲ.သူမွေးနေ.အလှူလုပ်တာ ဆိုတော့ အားကျပါတယ်။
ရှေ့ဆုံးကပန်းရောင်နဲ.ကမွေးနေ.ရှင်သူငယ်ချင်းပါ။ကျန်တာတွေက ရုံးကအဖွဲ.တွေ

ကျွန်တော့်အလှည့်ကျရင်လည်း သူ.လိုလှူနိုင်အောင်
ကြိုးစားမယ်။
ဘုန်းဘုန်းကြီးကရေစက်ချတော့ပြောတယ်။
"ကိုယ့်ဘဝမြှင့်ချင်ရင် ကုသိုလ်များများလုပ်တဲ့"
အသက်ငယ်ငယ်ရွယ်ရွယ်တည်းကကောင်းမှုကုသိုလ် လုပ်တဲ့ အကျင့်လုပ်ထားမှ
အသက်ကြီးသွားတော့လည်း လုပ်ဖြစ်နေမှာတဲ့။
Ahthuသူငယ်ချင်းလေး ယခု၂၅နှစ်ပြည့်မွေးနေ.မှသည်
နောင်နှစ်ပေါင်းများစွာတိုင် မိဘကျေးဇူးဆပ်နိုင်တဲ့
သမီးရတနာလေးဖြစ်ပါစေ။ကုသိုလ်ကောင်းမှုတွေလည်းများများ
လုပ်နိုင်ပါစေ။သူငယ်ချင်းတွေကိုလည်း
များများကျွေးနိုင်ပါစေနော်။☺သူငယ်ချင်းရဲ.မွေးနေ.အလှုလေးကို
သာဓုခေါ်ပေးကြပါအုန်းရှင်☺ဒါနဲ.မန်းလေးမှာဒီနေ.မိုးတွေအရမ်းရွာတယ်။ရေတွေလည်းကြီးလို.။(ကြားဖြတ်သတင်း)
ဒီပုံလေးကဟိုနေ.ကတည်းတင်မလို. လိုင်းမကောင်းလို.ဆက်တင်လို.မရတော့လို.ခုမှတင်လိုက်တာ

☺ကျေးဇူးတင်ပါတယ်ရှင်☺

14 comments:

မင်းအရိပ် said...

ရောက်ရှိသာဓုခေါ်ခဲ့ပါကြောင်း

BabyAngle said...

သာဓု၊ သာဓု၊ သာဓု....
ငါ့ညီမလေးလည်း စိတ်ရှိတိုင်းလှူနိုင်ပါစေလို့“မ“ ဆုတောင်းပေးလိုက်တယ်နော်...

Anonymous said...

သာဓု သာဓု သာဓု

Thu said...

ပေးတဲ့ဆုနဲ.ပြည့်ပါစေမမရေ။

Yoemyaykya said...

သူ့လိုလှူနိုင်အောင်ကြိုးစားဗျ။ဒါမှလူဖြစ်ရကျိုးနပ်မှာ။

ရိုးမြေကျ said...

သာဓုသာဓုသာဓု။

တွတ်တွတ် said...

အလှူဒါနပြုလုပ်ခြင်းကို...မုဒိတာပွားပြီး.သာဓုခေါ်ဆိုခြင်းဟာ..ဗုဒ္ဓဘာသာဝင်များ အတွက်ပြုလုပ်နေကြဆိုပေမယ့်..ခုလိုမိမိချွေးနည်းစာလေးနဲ့တတ်နိုင်သလောက် ဒါနပြုခြင်းဟာလည်း..ဘီယာဆိုင်၊အကင်ဆိုင်သွားပြီး.မူးယစ်သောက်စား...မွေးနေ့လုပ်တဲ့..မိန်းကလေးတွေနဲ့ အကျင့်စာရိတ္တပျက်စီးလာကြတဲ့.အမျိုးသမီးငယ်လေးတွေအတွက်..အတုယူစရာမို့..၀မ်းသာမိပါကြောင်း....

Thu said...

ခုလိုချီးကျုးသာဓုခေါ်ပေးတာကျေးဇူးတင်ပါတယ်။တွတ်တွတ်ရေ။
ကျွန်တော်တို. သူငယ်ချင်းတွေက မိဘကိုလုပ်ကျွေးရင်း ကိုယ်တတ်နိုင်တာလေးနဲ. တဘက်ကလည်း အလှုလေးတွေလုပ်တတ်ကြပါတယ်။တွတ်တွတ်ပြောမှပဲကိုယ့်ဘာသာပိုပြီး ဂုဏ်ယူတတ်လာပါတယ်။ကျေးဇူးပါရှင်

Thu said...

သာဓုခေါ်ဆိုရခြင်းကြောင့် Ahthuလည်း သူ.လို.လှူနိုင်ပါစေ။:D

Thu said...

ဟုတ်ကဲ့ကြိုးစားမှာပါ။ခုလိုအားပေးတာကျေးဇူးပါ

အိပ်မက်ကောင်းကင် said...

အလည်လာရင်း ဓါတ်ပုံလေးတွေကိုကြည့်သွားပါတယ်
ပုံလေးတွေကကြည်နူးစရာလေးနော်
မွေးနေ့လေးကိုကျော်သွားပေမဲ့ သည်နှစ်မွေးနေ့လိုပဲ နောက်နှစ်တွေလည်း လှူနိုင်ဒါန်းနိုင်ပါစေနော်
Ahthu လည်းသူ့လိုပဲလှူနိုင်ပါစေနော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

Thu said...

ပေးတဲ့ဆုနဲ.ပြည့်ရပါစေရှင်

မိုးနတ်ကြယ်စင် said...

လာလည်ပြီး သာဓုခေါ်သွားပါတယ်ရှင်...ကြည့်ရတာလေးတွေက ကြည်နူးဝမ်းသာစရာနော်....
ခင်မင်နေတဲ့..မိုးနတ်

Thu said...

လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။