သီတင်းကျွတ်လဘွဲ့
ကြာငါးမည် ကြိုင်သင်းလို့လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ချိန်ခါ။
ရှိခိုးငယ်နှိမ်
သုံးကြိုင်ရိုပြောင်း
သက္ကစ္စဂါရဝနှင့်
စဉ်အလာပူဇော်ပွဲကို
ခဲကြပေတောင်း။
(ဖိုးသူတော် ဦးမင်း)
ဒီအချိန်ကသီတင်းကျွတ်အချိန်အခါလေးဆိုတော့ကြိုက်လွန်းလို. မှတ်ထားမိတဲ့ဖိုးသူတော်ဦးမင်းရဲ.ကဗျာလေးကိုတင်ပေးလိုက်ပါတယ်။သီတင်းကျွတ်နီးလာပြီဆိုရင် ကလေးဘဝကတော့ တော်တော်ပျော်တယ်။ကျောင်းပိတ်တာကို။ကျောင်းပိတ်ရင် မီးသရဲလုပ်ဆော့ရတာ။မီးတွေထွန်းရတာ။မီးပုံးကားဆွဲရတာတွေက ပျော်စရာတွေကြီးပဲ။ခုအသက်ကြီးလာတော့လည်း ပျော်တာပဲ။ သီတင်းကျွတ်ဆိုအနော်တို.ရုံးကပိတ်တာကို။အဲ့ကျောင်းမပိတ်ခင်လေးပဲ စာမေးပွဲတွေနဲ.အလုပ်ရှုပ်တာ။သီတင်းကျွတ်မှာအားလုံးပျော်ရွှင်ပါစေ☺☺☺



9 comments:
သီတင်းကျွတ်ခါနီးရင် ဗျောက်ဖောက်သံတွေကြားရတာအရမ်းမုန်းတယ်။ နံပါတ်(၁၊၂၊၃) က အလုပ်ဆိုတော့ နံပါတ်လေးတို့ငါးတို့ကရော
အင်းဟုတ်တယ်။ဗျောက်တွေကဖောက်ကျတာ ဗုံးကြဲနေသလားမှတ်ရတယ်။
ညညဆိုလန်.လန်.နိုးတာ။လပြည့်ညဆိုပိုဆိုးအုန်းမှာ။
နံပါတ်၎နဲ.၅ကတော့ ဖေကြီးနဲ.မေကြီး..နောက်တစ်ပတ်ဆိုရင်တော့သူတို.ကနံပါတ်၁နဲ.၂ကိုပြန်ရောက်မှာ
၎ နဲ့ ၅ ကဖေကြီးနဲ့မေကြီးဆိုတော့  ၆ နဲ့ ၇ ကရော။ နံပါတ်စဉ်က အချိန်နဲ့အမျှပြောင်းနေတာပေါ့နော်။
ဟီးဟီး အမှန်ပဲ..စိတ်ကတော့ ခဏခဏပြောင်းနေတာ။
အခြေအနေအရ နံပါတ်စဉ်ကပြောင်းသွားကော။
:D
သူများအကြောင်းတွေသိသွားပြီဟိဟိ
ပျော်ရွှင်စရာသီတင်းကျွတ်ကျောင်းပိတ်ရက်လေးဖြစ်ပါစေညီမလေး..
ဟုတ်ကဲ့ပေးတဲ့ဆုနဲ.ပြည့်ပါစေရှင်
ကဗျာလေးဖတ်ပြီး သီတင်းကျွတ်ရဲ့အနှစ်သာရကို ခံစားသွားတယ်နော် :D
ကဗျာလေးလာဖတ်သွားလို.thank you ပါCandyရေ
ကျေးဇူးပါ။နောက်လည်းလာလည်နော်
Post a Comment