![]() |
| http://thehealthyadvocate.com |
Ahthuက ပဲနို.ကိုတော်တော်ကိုကြိုက်တယ်။နေ.တိုင်းမသောက်တဲ့နေ.မရှိဘူး
ဟိုရက်က တုပ်ကွေးမိတုန်းကလည်း ခံတွင်းပျက်သွားတာတော်တော်နဲ.ဘာမှမစားချင်ဘူး။
ပဲနို.နဲ.အသက်ဆက်ခဲ့တာ။ဟီး :D
အဲ့တော့အနော်လိုပဲနို.ကြိုက်တတ်တဲ့ကိုကို၊မမများ သတိပြုစရာလေးတွေတွေ.လို. မျှဝေလိုက်ပါတယ်။
ပဲနို့သည် ကလေးရော လူကြီးပါ ကြိုက်သော အစားအသောက် တစ်မျိုးဖြစ်ပါသည်။
ထိုကြောင့် ပဲနို့ကို သောက်ရာတွင် ကျန်းမာရေးအတွက် ဖော်ပြပါ
အချက်လေးချက်ကို သတိပြု ရှောင်ရှားသင့်ပါသည်။၁။ ကြက်ဥနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြက်ဥထဲတွင် စေးကပ်သော ဥအကာသည် နို့ထဲက ထရစ်ပဆင်(Trypsin)နှင့် ပေါင်းစပ် မိသောအခါ လခန္ဓာကိုယ်မှ စုပ်ယူနိုင်သော အရာဝတ္တု တစ်မျိုး ဖြစ်စေတတ်၍ ပဲနို့၏ အာဟာရဓာတ်ကို ဆုံးရှုံး သွားစေတတ်ပါသည်။
၂။ ကြံသကာနှင့် အတူ ဖျော်သောက်ရန် ရှောင်ရပါမည်
ကြံသကာ အတွင်းရှိ သြဂဲနစ် အက်စစ်သည် ပဲနို့ထဲက ပရိုတင်းဓာတ်နှင့် ပေါင်းစပ်မိသောအခါ အနှစ်သာရပြောင်းကာ အနည်ကျ ပစ္စည်း ဖြစ်ပေါ် လာစေတတ်သည်။ သကြားနှင့် ပဲနို့ ဖျော်ပါက ထိုသို့ ဆိုးကျိုး သက်ရောက်မည် မဟုတ်ပါ။
၃။မကျက်တကျက် ပြုတ်ပြီး မသောက်သင့်
ပဲနို့ထဲတွင် ထရစ်ပဆင် တားဆီးသည့် အရာဝတ္ထုရှိ၍ ကျက်အောင် မပြုတ်ဘဲ သောက်သုံးပါက အော်ဂလီ ဆန်တတ်သည်။ အော့အန် တတ်သည်။ နောက်ဆုံး ဝမ်းလျှောတတ်ပါသည်။
၎။ဓာတ်ဘူးနဲ့ မတည့်
ပဲနို့တွင်ပါသော အစေးများသည် ဓာတ်ဘူးထဲက ရေချေးကို ချွတ်နိုင်သဖြင့် အချိန်ကြာလျှင် ပဲနို့တွင် ရောဂါပိုးမျာ ပြန့်ပွားစေတတ်၍ ကျန်းမာရေးက အထူး ထိခိုက်စေပါသည်။
Ref: Good Health



8 comments:
တို့ ပဲနို့ကြိုက်တယ်လဲ ဟုတ်ဖူး။မကြိုက်ဖူးလဲ ဟုတ်ဖူး။ဘယ်ရိုလုပ်မလဲ။
ပဲနို့ကြိုက်တယ် ဒီမှာ ခဏခဏ၀ယ်သောက်တယ် ကိုယ်တိုင်တော့ မဖျော်သောက်ဘူး :D
အိုလွယ်ပါတယ်။ကြိုက်တဲ့အချိန်ကျဒီနည်းလေးကိုမှတ်ပြီးရှောင်။
မကြိုက်တဲ့အချိန်ကျ မသိချင်ယောင်ဆောင်နေလေ။ကောင်းဘူးလား။
အင်းAhthuလည်းအဆင့်သင့်တွေပဲဝယ်သောက်တာများတယ်။
နေမကောင်းတုန်းက စက္ကူဘူးနဲ.ဟာကို မဝလို.ဆိုပြီး အစိမ်းဝယ်ပြီးကြိုသောက်တာ။ပထမဆုံးကိုယ့်ဘာသာကြိုသောက်ဖူးတာပဲ။
မိုက်တယ်။တဝကြီးသောက်ရတယ်။:D
ဗဟုသုတလေးယူသွားပါတယ် လင့်လေးလဲချိတ်ထားပါတယ်
ဟုတ်ကျေးဇူးပါ။နောက်လဲလာလည်ပါအုန်းရှင်
တောင်ကြီးမှာကတဲကအမြဲသောက်တတ်တော့အကျင့်ဖြစ်နေပြီ
ကိုယ်တိုင်လုပ်မသောက်ဖူးဘူးလေ
ကြိုက်တယ် ဗူးတွေနဲ့ပဲသောက်ဖူးတယ်
သတိထားစရာလေးတွေသိရတာပေါ့ညီမရေ
ခင်မင်တဲ့ sis jasmine
ဟုတ်ကဲ့ပါမမရေ။ဘလော့ဂ်မဆောက်ခင်ကတည်းကမမတို.ဘလော့ဂ်ကိုခဏခဏရောက်ဖူးတယ်။လာလည်တာကျေးဇူးပါနော်။
Post a Comment