Monday, October 15, 2012

ဗျာလဟူသည်....

6



န၀ရူပ 'ဗျာလ'
──────────────────────────────────────────
“ဗျာလ”လို့ခေါ်ဆိုရေ(တဲ့)ဤ သတ္တ၀ါ စွာ(က) ကျတော်ရို့(တို.)ရခိုင် လူမျိုးတိ(တွေ)၏ ရှေးရိုး စဉ်ဆက် တစ်လျှောက် ဟိခရေ(ရှိခဲ့တဲ့) ရခိုင် အထိမ်းအမှတ် သတ္တ၀ါဖြစ်ပါရေ(တယ်)။

ယင်း ‘ဗျာလ’ ကို ကောင်းမြတ်တေ(တဲ့) ခွန်အား စွမ်းအင် ရှိသော သတ္တ္တ၀ါ ကိုးမျိုးတိ၏ အစိတ် အပိုင်းတိနက် ပေါင်းစပ် ထားပါရေ။ ယင်းအတွက်နက် ‘န၀ ရူပ ဗျာလ’ လို့လညိး ခေါ်ပါေ၇။ ဒေ ‘န၀ ရူပ ဗျာလ’ ရုပ်မှာ ပါရှိရေ သတ္တ၀ါ ကိုးမျိုးတိ အစိတ်အပိုင်း တိက

၁. ဆင်နှာမောင်း
၂. သမင်မျက်လုံး
၃. ကြံ့ချို
၎. ကြက်တူရွေးလျှာ
၅. ငါးကြင်းကွက်
၆. ဒေါင်းအမြီး
၇. မြင်းနားရွက်
၈. ကျားအစွယ်
၉. ခြင်္သေ့လက်ဝါး တို့ဖြစ်ပါရေ။
ယင်းပိုင့် ထူးခြားတေ စွမ်းအင်ဟိရေ အစိတ်အပိုင်းတိကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားစွာကလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ဖော်ပြထားရေ အဓိပ္ပါယ် ဖြစ်ပါရေ။ ဗျာလမှာ ပါရှိရေ အစိတ်အပိုင်းတစ်ခုစိက ဖော်ပြရေ အဓိပ္ပာယ်တိက အောက်မှာရွှီးထားရေအတိုင်းဖြစ်ပါရေ၊
► ကြက်တူရွေးလျှာ = စကား ပရိယာယ် ကြွယ်ဝခြင်း
► ဒေါင်းအမြီး = လှပ တင့်တယ် ခြင်း
► မြင်း နားရွက် = အကြား အာရုံ ထက်မြက်ခြင်း
►သမင်မျက်လုံး = အမြင်အာရုံ စူးရှခြင်း
►ငါး၏ ကိုယ်ထည် = လျင်မြန် ဖျတ်လတ်ခြင်း
►ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း =စွမ်းအင် ကြီးမားခြင်း
အဆိုပါ သတ္တ၀ါ ကိုးမျိုး တိဧ။် အစိတ်အပိုင်းနက် တန်ဆာ ဆင်အပ်တေ ဒေဗျာလကို ထားဟိ ခြင်းဖြင့် “အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စီတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုယာ ဖြစ်စီတတ်၏“ လို့ ယုံကြည်ထားကက်ပါရေ။
ရခိုင်ရိုးရာအထိမ်းအမှတ်အရုပ်ဖြစ်တဲ့ ဗျာလအရုပ်အကြောင်းကို တင်ပြလိုက်ပါတယ်။
ရခိုင်လိုရေးချင်လို. ရခိုင်လိုပဲဖော်ပြလိုက်ပါတယ်။ အမှားအယွင်းများပါလာရင်တော့ကျွန်တော့်ရဲ.အမှားသာဖြစ်ပါတယ်။
☺ကျေးဇူးတင်ပါတယ်ရှင်☺

6 comments:

Yoemyaykya said...

တခါမှမကြားဘူးလို့ မှတ်သားသွားတယ်။အပြင်မှာ တကယ်ရှိလား

Thu said...

အင်း အပြင်မှာတော့ရှိတယ်လို.မကြားဖူးဘူး။ဒဏ္ဍာရီပုံပြင်ထဲပဲရှိမယ်ထင်တာပဲ။
အထိမ်းအမှတ်အရုပ်အဖြစ်ထားတာ။
ရှမ်းတွေမှာဆိုကိန္ဒရီ၊ကိန္ဒရာလိုမျိုးထင်တာပဲ။သေချာစာဖတ်ကြည့်ုလိုက်အုန်းမယ်။

BabyAngle said...

အထူးအဆန်းလေးမို့ စိတ်ဝင်တစားဖတ်သွားပါတယ်ညီမလေး..

Thu said...

ဟုတ်ကဲ့ပါ။ ကိုယ့်လူမျိုးအကြောင်းလေးတွေလည်း ပြောပြချင်လို.ပါ။အမရေ

Anonymous said...

ဒေက..အိုက်မလား..ထင်တော့ထင်ပါရေ။ ရခိုင်သမလို့  ဒေwebsiteကိုအရင်းဂ တခါမှမရောက်ဘူးပါ။ ဒေနိန့် candy website ကနီ comments မှာစာလားဖတ်ရင်းတွိ လိုက်တာပါ။ အိုက်မ website ကိုလာလည်လားပါရေ။ ညီမဂ ရခိုင်သမ မဟုတ်ပါ။ ရခိုင်စာပီ နန့် ယိုင်ကျေးမှု ကိုစိတ်ဝင်စားလေ့လာနီေ၇ သူတယောက်ဖြစ်ပါေ၇။ ရခိုင်စကားပြောရ၊ ရွှီးရစွာ ကကောင်းဂုဏ်ယူပါရေ။ ဒေပိုင် ရခိုင်ယိုင်ကျေးမှု တိကိုဖော်ထုတ်ပီးစွာ ကကောင်းကျေးဇူးတောင်ပါရေ။ ရခိုင်ပိုင် ရွှီးစွာစာလုံးပေါင်းအမှားပါလို့  ဟိရင်တောင်းပန်ပါရေ :):):)

Thu said...

ကျေးဇူးတင်ပါရွီ။အကျွန်လဲရခိုင်စကားနိန့်စာကို ကကောင်းပြောတတ်၊ရွီးတတ်ဆော်တော့မဟုတ်ပါ။ဤပိုင် အကျွန်တို့ဘာသာစကားကို
စိတ်ဝင်စားဆော်တွိ့ရဆော်ကို ကကောင်းကျေးဇူးလဲတင်ပါရွီ။ဂုဏ်လဲယူပါရွီ.