| ပုံများအားလုံးကိုGoogleမှယူပြီးMS~Publisherနဲ.လုပ်ထားတာပါ။ |
ရာသီ► တူ
ပန်း► ကြာ
ပွဲတော်► မီးထွန်းပွဲ
နက္ခတ်► ရေဝတီ၊ အသဝနီ၊ ဘရဏီ
ဆီမီးငယ်တဲ့ ထိန်ထိန်။
အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ မဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကို နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
(မဟာဂီတ ဦးပြုံးချို)
အိုင်မင်း ရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ မဏာမေဖြင့်
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်ကို နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
(မဟာဂီတ ဦးပြုံးချို)
သီတင်းကျွတ်အကြောင်းကဗျာလေးတွေသိသမျှလေးမှတ်တမ်းအနေနဲ.ထားချင်လို.ဒီပို.စ်လေးတင်တာပါ။
သီတင်းကျွတ်အကြောင်းအသေးစိတ်ကတော့ တော်တော်များများသိပြီးသားဆိုတော့မရေးတော့ပါဘူးနော်။
သီတင်းကျွတ်ဆိုရင်ကျွန်တော်တို.ဗုဒ္ဓဘာသာတွေမှာချစ်စရာကောင်းတဲ့ဓလေ့တွေကတော့အများကြီးပဲနော်။
လူကြီးသူမတွေကန်တော့ကြတဲ့အလေ့တွေ၊ဆီမီးထွန်းပြီးပူဇော်တဲ့အလေ့တွေနော်။ဗျောက်ကိစ္စကတော့မပြောတြော့ပါဘူး။
ဝါကျွတ်တာနဲ.မန်းလေးမှာဘုရားပွဲတွေစပြီ။ညနေဆိုပွဲဈေးမုန်.တွေဝယ်စားရတာကြိုက်တယ်။ဇာတ်ပွဲတော့တခါမှမကြည့်ဖူးဘူး။
သီတင်းကျွတ်ပို.စ်တွေပဲဘာလို.များနေတာလဲဆိုတော့သီတင်းကျွတ်ရောက်ရင်ကိုပျော်လို.။
ဘာလို.ပျော်တာလဲဆိုတော့ပြောပြဘူး။ဟီး:D
လကုန်တဲ့အထိတော့ပျောက်နေအုန်းမယ်။သီတင်းကျွတ်ကျောင်းပိတ်တော့ရိပ်သာပဲဝင်ဖြစ်မလား???မေမြို.ပဲတက်ဖြစ်မလား???
မသိသေးဘူး။
![]() |
| photo source:Google |



4 comments:
သူမျှဝေပေးတဲ့ကဗျာ တင်ပေးတဲ့ပုံ
အဲတာတွေကြောင့်မြန်မာပြည်ကိုအမြန်ဆုံးပြန်ချင်မိတယ်
မုန့်လင်မယားထင်တယ် စားချင်နေတာ သေလုမျောပါးပဲကွယ်
ခင်မင်တဲ့ sis jasmine
ဖတ်ဖူးပြီး မေ့နေတဲ့ ကဗျာလေးတွေကို ပြန်ဖတ်လိုက်ရတာ အရသာရှိလိုက်တာ....
အင်းမြန်မာမုန်.တွေဆိုအရမ်းကြိုက်တယ်။အထူးသဖြင့် ဘုရားပွဲမုန်.ဆိုပိုကြိုက်တယ်
တခါတလေတော့ အသစ်ဘယ်လိုကောင်းကောင်း
အဟောင်းတလည်လည်တဲ့နော်။:)
Post a Comment