![]() |
| Photo Source: Google |
☺လွမ်းတယ်လွမ်းတယ်လွမ်းတယ်
အခါအော်နေရုံမှအပ
ငါ့နားမှာနင်ရှိမနေနိုင်တဲ့ခဏ
☺ လက်ခံထားပြီးသားအကြောင်းအရာတွေ
ထပ်ခါထပ်ခါ တွေးနေရုံမှအပ
ငါ့နားမှာနင်ရှိမနေနိုင်တဲ့ခဏ
☺ တကယ်ဆို လူချင်းနီးကြရဖို့ထက်
စိတ်ချင်းနီးစပ်မှုတွေနဲ့ အချင်းချင်းနားလည်နေရုံမှအပ
ငါ့နားမှာနင်ရှိမနေနိုင်တဲ့ခဏ
☺ တချိန်မှာနီးကြဖို့ သစ္စာတရားကိုပဲ
ယုံကြည်ပုံအပ်ထားတော့မယ့်
ငါ့နားမှာနင်ရှိမနေနိုင်တဲ့ခဏ
၁-၁-၂၀၁၃ (မနက်၁:၃၀)
ပိတ်ရက်မှာဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ပါ။အင်တာနက်မပြောနဲ့ဖုန်းတောင်လိုင်းကသိပ်မမိချင်ဘူး။Be-lately Happy New Year To You All!!!



4 comments:
ကဗျာလေး ခံစားသွားတယ် အသူရေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်....:)
ချစ်တဲ့...မိုးနတ်
Happy New Year :D :D
ထင်တယ်။ ထင်တယ်။ အသူပျောက်နေတာကြာပီ။ ဧရိယာပြင်ပရောက်နေတာဆိုတော့ ဧ၀ရက်တောင်ထိပ်ရောက်နေတာလား အသူရေ။ စတာ။ :P
နင်ရှိမနေနိုင်တဲ့ ခဏလေးပျောက်စေဗျား။
@ရိုးမြေကျ▬ဧဝရက်တောင်ဆိုတော်သေးတယ်။ဓါတ်ပုံတွေရိုက်လာပြီးပုံတွေတင်လို့ရအုန်းမယ်။ဟီးဟီး။မေမြို့အိမ်သွားနေတာ။ထူးထူးဆန်းဆန်းဒီတခေါက်ဖုန်းလိုင်းမမိဘူးလေ။ဂလိုကြောင့်ပါ။:))))
Post a Comment