အခုခေတ်ကြီးမှာ လူတိုင်းမှာ မိုဘိုင်းဖုန်းတစ်ခုတော့လိုအပ်လာပြီနော်။ဖုန်းတစ်လုံးရှိရုံနဲ့ ဆက်သွယ်မှုမပြတ်တော့ဘူး။ဓါတ်ပုံရိုက်လို့ရတယ်။အင်တာနက်သုံးလို့ရတယ်။ဒါပေမယ့် အမြဲတမ်းကာင်းကျိုးနဲ့မကောင်းကျိုးဆိုတာကဒွန်တွဲနေတာဆိုတော့..သတိထားစရာအချက်လေးတွေကိုပြောပြပေးလိုက်ပါတယ်နော်။
☺မိုဘိုင်းဖုန်းကို အိပ်ရာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကိုအိပ်ရာဘေးထားမအိပ်သင့်ပါဘူး။ဖုန်းကထွက်လာတဲ့ရေဒီယိုလိုင်းများက ဦးနှောက်ကိုထိခိုက်စေပါတယ်။အကျိုးဆက်တွေကတော့
Skin rashesအရေပြားအနီကွက်ထခြင်း၊ headaches(ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း)၊
skin ittitation(အရေပြားဓာတ်မတည့်ခြင်း)၊insomnia (အိပ်မပျော်ခြင်း)၊dizziness (ခေါင်းမူးခြင်း)၊nausea
(မအီမသာဖြစ်ခြင်း)၊ heart palpitations (နှလုံးခုန်နှုန်း မမှန်ခြင်း)၊ heart pain(နှလုံးအောင့်ခြင်း)၊
concentration problems (အာရုံစူးစိုက်ခြင်း)၊ fatigue (ပင်ပန်းနွမ်းနယ်ခြင်း)၊tingling
sensations (တစစ်စစ်တွေ့ထိသလို ခံစားရခြင်း)၊anxiety attacks (စိုးရိမ်ကြောင့်ကြခြင်း)၊
memory problems (မှတ်သားမှုအားနည်းခြင်း)၊Vision problems(အမြင်ဝေဝါးခြင်း)၊ swollen
lymph nodes (အရည်ကြည်ဖုထခြင်း)၊indigestion reddening of skin (အရေပြားမှ ရေဒီယိုလှိုင်းများအား
စုပ်ယူခြင်း)စတာတွေ ဖြစ်နိုင်ပါတယ်။
☺လူငယ်တွေမသုံးသင့်ဘူး
အသက်၁၆နှစ်အောက်
ကလေးများအနေနှင့် မိုဘိုင်းဖုန်းအသုံးမပြုသင့်သေးပါဘူး။သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး
ဦးခေါင်းခွံပါးနေပါသေးတယ်။ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကိုပိုမိုခံရပါတယ်။
☺မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို
ဘောင်းဘီအိတ်ထဲကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ရေဒီယိုလှိုင်းရဲ့
ဓါတ်ပြုရိုက်ခတ်မှုကြောင့် ယင်းအလေ့အထကကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုသေစေနိုင်ပြီး
ကလေးမရနိုင်တဲ့အမြုံဖြစ်စေနိုင်ပါတယ်။
☺မိုဘိုင်းဖုန်းကို ဓါတ်ဆီ၊ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန်အရေးကြီးပါတယ်။နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့
ပိုပြီးတော့အန္တရာယ် ဖြစ်မယ့် အလားအလာရှိပါတယ်။မိုဘိုင်းဖုန်းမှ လွှတ်လိက်တဲ့
Electromagnetic wave/radio wave တွေဟာstatic electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့မီးပွင့်လာတဲ့အတွက်
လေကနေဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓါတ်ဆီ၊ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့
ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ဘဲ၊ဓါတုဗေဒပစ္စည်းထားသိုရာ
နေရာအချို့မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။လောင်စာဆီဖြည့်စဉ် ဖုန်းပိတ်ထားတာ
အကောင်းဆုံးဖြစ်ပါတယ်။
☺မိုဘိုင်းဖုန်းနှင့် အခြားရောဂါဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ
ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ယင်းလှိုင်းရဲ့ ရိုက်ခတ်မှုများကြောင့် ဦးနှေုာက်သွေးဆဲလ်တွေမှာပါဝင်တဲ့
melatonin, serotonin, dopamine, norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး
ဦးနှောက်နဲ့ ပတ်သက်တဲ့ အခြားရောဂါများ အလွယ်တကူဖြစ်စေပါတယ်။ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ
စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။ဒါကြောင့် မိုဘိုင်းဖုန်းကို
လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို
တစ်နာရီ၊နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့ အလေ့အကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။
မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ ဆိုပါတယ်။
အထက်ပါအချက်အလက်များကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOမှရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
Reference::THE NATION
JOURNAL
Photo Source:: Google ☺ကျေးဇူးတင်ပါတယ်ရှင်☺





4 comments:
ကျေးဇူးအရမ်းတင်ပါတယ် အသူရေ...
အရင်က သိတော့သိထားပေမဲ့ ဒီလောက်စုံစုံလင်လင်မသိခဲ့ရဘူး..
မိုးနတ်သယ်ရင်းတစ်ယောက်ဆို ဖုန်းအရမ်းပြောတာ
အကြာကြီးးးးးးးးးးး ပြီးရင်ဖုန်းကိုလဲ အားရင်အားသလို
ကလိနေတာ...ခုတော့သူ့ကို သေချာသတိပေးမှရတော့မယ်
အသူ့ရဲ့ ဒီပို့စ်လေးကိုလဲ ပေးဖတ်ရမယ်...:)
ချစ်တဲ့.....မိုးနတ်
ဘုရားဘုရား နာက ဖုန်းကို ဘောင်းဘီအိတ်ထဲပဲ ထည့်တာများတယ်။ ဒုတ်ကွိပဲ။
ကား မစီးနိုင်သေးတော့ ဓါတ်ဆီဆိုင်မှာ မဆက်တာကလွဲရင် ကျန်တာ တစ်ခုမှ လွတ်ပု.. >:(
မိုးနတ်@@@@အားပေးတဲ့အတွက်ကျေးဇူးနော်။အသူလဲ စာဖတ်မိပြီး သဘောကျလို့ Shareပေးတာပါ။
ရိုးမြေကျ@@@အင်း ဂရုစိုက်နော်။နောင်ရေးအတွက်စိတ်အေးရအောင်. :P
မေမြို့မိုးရေ..တနေ့တော့ကားစီးနိုင်မှာပေါ့ ဘတ်စ်ကား :Pမန်းလေးကတော့ဆိုင်ကယ်စီးနေရတော့ ဆီဆိုင်ဝင်ရင်ဂရုစိုက်ပြီး ဖုန်းပိတ်ရတယ်။ :)
Post a Comment