Tuesday, February 5, 2013

အေးစက်စက်...

12

အခုတလော စိတ်တွေနည်းနည်းရှုပ်နေတယ်။ တစ်ယောက်တည်း လဲ ပြဿနာတွေကိုမခံစားနိုင်ဘူး။ဖဘပေါ်လဲ သိပ်မတင်ချင်ဘူး။တင်ရင်လဲ တင်လို့လို့အပြစ်ကလာအုန်းမှာ။အမှန်အတိုင်း ပြောရရင် ဖားတာဖိတာမခံချင်လို့ ပုဂ္ဂလိကလုပ်ငန်းဆိုတာကိုရွေးချယ်ခဲ့တာ။ဝါသနာပါတဲ့ စာသင်တဲ့အလုပ်လဲဖြစ်၊ ကိုယ်သင်ထားတဲ့ပညာလေးနဲ့လဲကိုက်ညီမယ်ထင်လို့ ဒီအလုပ်ကိုရွေးချယ်ခဲ့မိတယ်။ရွေးချယ်စရာတွေအများကြီးထဲက အဆင်ပြေမယ့်ထင်လို့လုပ်ခဲ့တယ်။ခုတော့နည်းနည်းစိတ်ဓါတ်ကျလာပြီ။
ခုစဉ်းစားနေတာက ကိုယ်လုပ်စရာရှိတာအကောင်းဆုံးလုပ်မယ်။ခုဂျပန်စာလဲသင်ချင်လို့လုပ်နေတယ်။အဆင်ပြေမလားတော့မသိဘူး။
 Scholarshipလဲရချင်လို့ လုပ်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အားပေးမယ့် မိဘတွေ၊အကိုတွေ၊မောင်တွေ၊သူငယ်ချင်းတွေ၊မိတ်ဆွေတွေ၊စိတ်ညစ်စရာတွေကိုဖြေဖျောက်ပေးနိုင်တဲ့ဘလော့ဂ်လေးရယ်ရှီတယ်။
အကောင်းဆုံးပဲကြိုးစားမှာပါ။ဖြစ်လာတာမဖြစ်လာတာကတော့ နောက်ကိစ္စပဲလေ။ အားတင်းထားပါတယ်။

ကျုံးနားကဖြတ်တိုက်လာတဲ့လေတွေ အေးစက်စက်
၆၂လမ်းနားကလေတွေလဲ အေးစက်စက်
သိပ္ပံလမ်းမကြီးကလဲ အေးစက်စက်
သူတို့ရဲ့ မျက်လုံးတွေ အေးစက်စက်
နင်းလာတဲ့လှေကားထစ်တွေ အေးစက်စက်
မြင်နေရတဲ့ အပြုံးတွေ အေးစက်စက်
လှမ်းကိုင်တဲ့ လက်တစ်စုံက အေးစက်စက်
Oldie songတွေလဲ အေးစက်စက်
သောက်နေတဲ့ ကော်ဖီတွေလဲ အေးစက်စက်
၅-၂-၁၃(၁၁:၀၇ AM)

12 comments:

Yoemyaykya said...

အသူ နာကတော့ မအေးဘူး။နွေးနွေးထွေးထွေးလေးရှိနေတယ်။ ဘာမှစိတ်ဓာတ်မကျနဲ့လို့မပြောချင်ဘူး။ စိတ်ဓာတ်ကျပီးရင် ပြန်ထပါဟာ။ ဘာပဲဖြစ်ဖြစ် ဖေ့ဘုတ်ပေါ်တင်လိုက်တော့လဲ စိတ်ထဲပေါ့သွားတာပေါ့။

Anonymous said...

ညီမလေးက မန်းလေးကလားဟင်
မမက ညီမလေးရဲ့ စာလေးတွေဖတ်ဖြစ်ပါတယ်။
သီရိရတနာ ဘလော့ကို ကြည့်ရင်းနဲ့တွေ့တာပါ။
အားပေးနေတယ် ညီမလေး

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးး
နာ့အသူလေးကို စိတ်ညစ်အောင် ဘူလုပ်တာလဲ ပြောဟာ...
နာနဲ့တွေ့မယ်...:))))
အသူ့ကဗျာလေးဖတ်ပြီး အသူတစ်ယောက်ထဲ
အရမ်းများ အထီးကျန်နေသလားလို့ တွေးမိတယ်...
အားမငယ်ပါနဲ့ အသူရယ် မိုးနတ်တို့ ရှိပါတယ်...
အသူဘာတွေပဲလုပ်လုပ် အောင်မြင်မယ်လို့ မိုးနတ်ကတော့
ယုံကြည်တယ်...အသူလဲ အဲလိုပဲ အမြဲယုံကြည်ထားနော်...
ဘယ်အလုပ်ပဲလုပ်လုပ် အတိုက်အခိုက် အတို့အရှို့တွေကတော့
ရှိတာပါပဲဟယ်....ဒါပေသိ အချိန်ကြာလာတဲ့အခါ
အနေမှန်တဲ့သူကပဲ အနိုင်ရမှာပါ....အာ့ကြောင့်
Fighting !!! အသူရေ...
ချစ်တဲ့....မိုးနတ်

Thu said...

အင်း ခုပြန်ထလိုက်ပြီ။..
အားတွေတိုးလာလို့ :P

Thu said...

ဟုတ်အမ မန်းလေးမှာနေတာပါ။
ခုလိုလာအားပေးလို့ ကျေးဇူးတင်ပါတယ်နော်။

Thu said...

အားတွေအရမ်းရှိသွားပြီ။
အခုလိုအားပေးတဲ့အတွက်ကျေးဇူး...:)))

ခရေ said...

ညီမလေးရေ
နာမည်မရိုက်လိုက်မိလို့ပါ

ခရေ said...

( ညီမလေးက မန်းလေးကလားဟင်
မမက ညီမလေးရဲ့ စာလေးတွေဖတ်ဖြစ်ပါတယ်။
သီရိရတနာ ဘလော့ကို ကြည့်ရင်းနဲ့တွေ့တာပါ။
အားပေးနေတယ် ညီမလေး )
ဆိုတဲ့ ကွန်မန့်လေးရေးတဲ့ မမပါ။
နောက်ဆို မမက ခရေဆိုတဲ့နာမည်နဲ့ ကွန်မန့်လေးတွေ ရေးပြီးအားပေးနေမယ်နော်။

Thu said...

ဟုတ်ကဲ့ပါ မမခရေ..
ထပ်ပြီးကျေးဇူးတင်ပါတယ်နော်။
အသူရဲ့ ကလေးသာသာအဆင့်စာလေးတွေဖတ်ပေးလို့ကျေးဇူး<3<3<3

လွင်ပြင်လှိုင်းငယ် said...

အားတွေအရမ်းတက်လာရင် စာတွေအများရေး အများကြီးအားပေးပါ့မယ် ။

စံပယ်ချို said...

အေးစက်စက်လေးကို နွေးထွေးမှုအပြည့်နဲ့ဖတ်ခဲ့တယ်
ဘာကိုမှ စိတ်မညစ်ပါနဲပနော်
ကိုယ်တစ်ယောက်ထဲ စိတ်ညစ်နေရတာမဟုတ်ပါဘူး
လူတိုင်းမှာ စိတ်ညစ်စရာတွေကိုယ်စီရှိတတ်ကြတယ်
ငယ်ငယ်က ဖေဖေပြောခဲ့ဖူးတဲ့စကားလေးသတိရမိတယ်

(စိတ်ညစ်စရာကို တွေးပြီး စိတ်မညစ်ပါနဲ့ စိတ်ညစ်စရာကို စိတ်ညစ်နေရင်
အဲဒီစိတ်ညစ်စရာက သင့်စိတ်ကို ညစ်စေလိမ့်မယ်) အဲတာကိုအင်္ဂလိပ်လိုလဲရေးပေးပြီး
မြန်မြန်ဖတ်ခိုင်းတာ အဲတာနဲ့စိတ်ညစ်စရာတွေပျာက်ပြီး ရယ်မိတာပဲ
အားတိုင်းလာရောက်လည်ပတ်မယ်နော် ဘာကိုမှ အားမငယ်နဲ့
ခင်မင်တဲ့ sis jasmine

Thu said...

ကိုလွင်ပြင်နဲ့ မမစံပယ်တို့ခုလိုအားပေးတာ အရမ်းကျေးဇူးတင်တယ်။
မမပြောသလို..ခံယူတတ်အောင်ကြိုးစားနေပါ့မယ်မမရေ။