အင်းပြီးခဲ့တဲ့ရက်တွေတုန်းကဘယ်တုန်းကတည်းကမေတ္တာတွေစုပြီးပို့လိုက်တယ်မသိ။အချွန်နဲ့မထည့်လိုက်တာ
..အသူတစ်ယောက်သူပို့သလို ဆူးပုံပေါ်မရောက်၊ပန်းမွေ့ရာပေါ်မှာ မိန့်မိန့်ကြီးရောက်သွားသောအခါ..
အော်ဘယ်သူမေတ္တာပျက်ပျက်..ကိုယ်မပျက်ရင်ပြီးတာပါပဲနော့။အရှင်ရဝေနွယ်(အင်းမ)စာထ၊ဲမှာဖတ်ဖူးလို့ အဲ့တိုင်းလဲသူတို့ကို မေတ္တာပို့ပေးတယ်။ဟိုနေ့ကကို FBမှာသူများတင်ထားတာတွေ.သေးတယ်။
ရေမေတ္တာ ပို့နည်းဖြစ်ပါသည်။
မြတ်စွာဘုရားအား ရေချမ်းကပ်လှူပါ။
သည်ရေအေးမြကြည်လင် သကဲသို့ ………….(အမည်)
ရုပ်သည်လည်း ထာဝစဉ် အေးချမ်းပါစေ။
သည်ရေအေးမြကြည်လင် သကဲသို့ ………….(အမည်)
စိတ်သည်လည်း ထာဝစဉ် ကြည်လင်ပါစေ။
…………. (အမည်)အစစအရာရာ အဆင်ပြေပါစေ။
ရဝေနွယ်(အင်းမ)
အမည်နေရာမှာ မိမိ ကိုချစ်သောသူ ၊
မုန်းသောသူ စသဖြင့်နှစ်သက်ရာမေတ္တာပို့ပါ။
မြတ်စွာဘုရားအား ရေချမ်းကပ်လှူပါ။
သည်ရေအေးမြကြည်လင် သကဲသို့ ………….(အမည်)
ရုပ်သည်လည်း ထာဝစဉ် အေးချမ်းပါစေ။
သည်ရေအေးမြကြည်လင် သကဲသို့ ………….(အမည်)
စိတ်သည်လည်း ထာဝစဉ် ကြည်လင်ပါစေ။
…………. (အမည်)အစစအရာရာ အဆင်ပြေပါစေ။
ရဝေနွယ်(အင်းမ)
အမည်နေရာမှာ မိမိ ကိုချစ်သောသူ ၊
မုန်းသောသူ စသဖြင့်နှစ်သက်ရာမေတ္တာပို့ပါ။
![]() |
အသူက ဒီတိုင်းဆိုမျက်နှာကြောတင်းတယ်။စကားလဲကိုယ်ပြောချင်မှပြောတယ်။စိတ်ညစ်နေရင်လဲဟန်မဆောင်တတ်ဘူး။
မျက်နှာမှာ အတိုင်းသားပေါ်နေကော။စိတ်ညစ်လာပြီဆိုရင် သူငယ်ချင်းတွေအကုန်သိတယ်။ဘာဖြစ်လာတာတုန်းတန်းမေးတာပဲ။မျက်နှာမှာကပေါ်နေတာကို
အဲ့ဒီအကျင့်တွေကြောင့်ထင်တာပဲ။
လူတွေကကိုယ့်ကိုမာနကြီးတယ်များထင်တာလားမသိဘူးနော်။အကြောင်းသိတွေကတော့သိတယ်။အသူတစ်ယောက်က
အလွန် မျက်နှာရူးပြီး အရမ်းအစအနောက်သန်တယ်ဆိုတာကို.....
အမေကလဲပြောတယ်..မျက်နှာကြောလေးနဲနဲလျှော့တဲ့။ကဲ..အဲ့တော့မျက်နှာကို အစွမ်းကုန် ပြုံးပြီးသွားတယ်။မနက်ရုံးလာကတည်းက တွေ့သမျှလူ Morning Morningနဲ့ သွားကြီးဖြဲပြီး အသားကုန်နှုတ်ဆက်တယ်။
![]() | |||||||||||||||||
| မျက်နှာကြောတင်းတယ်ပြောလို့ အကြောလျှော့ပေးနေတာ :P |
|
အဲ့တော့လဲ ဘာပြောတယ်မှတ်လဲ..တီချယ်လဲ Valentine's Day နီးလို့ မျက်နှာကြီးကို
ဖြီးနေတာပဲတဲ့။ တိန်..အပြောအဆိုကလွတ်ကို မလွတ်ဘူးနော်။ အဲ့ဒီနေ့ကတော့စိတ်ထဲမှာကို အရမ်းအလေးအနက်မရှိဘူး။တကယ်ချစ်တယ်ဆိုရင်
Feb14မှမဟုတ်ပါဘူး။နေ့တိုင်းကကိုယ်တို့ရဲ့အမှတ်တရပဲပေါ့နော်။ သောကြာနေ့ကကျောင်းမှာ
Concertလုပ်တော့ ကြည့်ဖြစ်တဲ့ playတစ်ခုက မိုက်တယ်။ဟိုရှေးရှေးတုန်းက လူတွေကလက်လေးချောင်း၊ခြေလေးချောင်းနဲ့တဲ့။တရက်ကျတော့
သူတို့ကဗြမ္မာကြီးစိတ်ဆိုးအောင်လုပ်လိုက်လို့ နှစ်ခြမ်းခွဲပစ်လိုက်တယ်တဲ့။သူတို့လဲအခြမ်းတွေကွဲကုန်ပြီး
:P တတိုင်းပြည်စီတနေရာစီမှာ သူတို့ရဲ့ကျန်တဲ့တစ်ခြမ်းကိုလိုက်ရှာနေရတယ်တဲ့။အမယ်အဲ့နေရာမှာသူတို့က
next to you သီချင်းလေးနဲ့ပေါ့လေ။သက်ဆိုင်ရာအခြမ်းတွေတွေ့မိတဲ့ သူတွေကတော့ ကြည်နူးနေကြတာပေါ့လေ။အဲ့
အခြမ်းတွေလွဲသွားတဲ့သူတွေကျတော့ ပြဿနာတွေတက်ကြတာပေါ့လေ။အဲ့မယ်သီချင်းကလဲမိုက်တယ်ဗျ။
စန္ဒီမြင့်လွင်သီချင်းနဲ့ Shockတဲ့ အဲ့ဒီဘဲကြီးတွေနဲ့ပတ်သက်မိရင်တော့ တက်ပြီရှော့တဲ့။ခစ်ခစ်
:D အသူလဲ တက်ပြီရှော့ခ်လားမသိ.. :P
နက်ဖြန် ဖေဖော်ဝါရီ၁၂-ပြည်ထောင်စုနေ့
သဘက်ခါ ဖေဖော်ဝါရီ၁၃-ဗိုလ်ချုပ်မွေးနေ့ ပြီး ကလေးများနေ့တဲ့။ဟိုနေ့ကမှစာစောင်ထဲဖတ်မိတာ...
ဖနွှဲခါ ဖေဖော်ဝါရီ၁၄- ဗယ်လင်တိုင်းဒေးဆိုတဲ့ ချစ်သူများနေ့..
ချော့ကလတ်စားရင် စိတ်ဓါတ်ကျတာ သက်သာတယ်တဲ့။လောလောဆယ်ကိုယ့်အတွက်ကောင်းတယ် :D ;)
မန်းလေးFMက မSheရဲ့ရောက်တတ်ရာရာကိုအားကျလို့ :P
|





8 comments:
ဒီလိုရောက်တတ်ရာရာလေးရေးတော့လည်း တစ်မျိုးဖတ်ကောင်းတာပဲ.. ပုံထဲက ပြောင်ပြနေတာလေးတွေ ချစ်စရာလေး :)
ဆူးပုံပေါ်မရောက်၊ပန်းမွေ့ရာပေါ်မှာ မိန့်မိန့်ကြီးရောက်သွားသောအခါ.
အဲလိုအချွန်နဲ့ မကြီးလဲ အမ ခံချင်လိုက်တာဟယ်-----
ဘာနေ့တွေမှန်းတောင်မသိတော့ပါဘူး
ခေါင်းတွေကိုက်ပြီးသွေးတိုးနေလို့လေ....
ရောက်တတ်ရာရာလေးကလဲ ဖတ်လို့ကောင်းသား
cute :D
အင်းးးးးး
ရောက်တတ်ရာရာလေးကလဲ တစ်မျိုးဖတ်လို့ကောင်းတာပဲ အသူရေ...
မိုးနတ်လဲ ဖတ်တတ်ရာရာရွေးဖတ်တွားတယ်နော်...ခိခိ
ပို့စ်က အရှည်ကြီးမို့ပါ....:) စတာနော် အသူရေ..
ရေးထားတာလေးက ချစ်ချာရေးးးးးးးးးး
ချစ်တဲ့...မိုးနတ်
မကြီးဂရုစိုက်အုန်းနော်..သွေးတိုးကကြောက်ရတယ်
ခစ်ခစ် ချစ်ချာလေးတဲ့ ပျော်စရာကြီး :P :D Thx မမစနိုး၊ကန်ဒီ၊မမစံပယ်၊မိုးနတ်
အသူနဲ့ နာက မျက်နှာရူးတာချင်းတူတယ်။ ကြည့်လိုက်ရင် မျက်နှာထားခပ်တည်တည်နဲ့။ ပေါင်းကြည့်မှ ပေါမှန်းသိတာ။ ဟီးးးး
တိန်..မှန်တယ်ဟ :P
Post a Comment