Friday, October 18, 2013

~~~ဝင်ကစွပ်~~~

3

Google


မြင်လျက် အတွေ့ခက်
ကြားလျက် အသိခက်
ပြောလျက် ဝန်ခံဖို့ခက်တဲ့
ခပ်ဆိုးဆိုးလောက..............

အငိုလွယ်ပေမယ့် အရှိုက်ခက်လို့
ပွင့်အံလာတဲ့ စကားလုံးတွေက
လည်မျိုမှာတစ်ဆို့လို့...............

ဝေဝေဝါးဝါး ပုံရိပ်တွေကြားမှာ
ပရဟိတထက် အတ္တဟိတကို
ဦးစားပေးနေမိသူ.............

ကြပ်လိုက်ချောင်လိုက်..
ဒီလိုနဲ့ လုံးချာလည်လိုက်ရင်း
ကိုယ်မပိုင်တဲ့ အခွံထဲ
နေသားကျနေမိခဲ့တာ.ဘဝပေါင်းများစွာ......

ချစ်ခြင်းအားဖြင့် - သူ

3 comments:

Yoemyaykya said...

မြင်လျက် အတွေ့ခက်
ကြားလျက် အသိခက်
ပြောလျက် ဝန်ခံဖို့ခက်တဲ့
ခပ်ဆိုးဆိုးလောက............
စကားလုံးတွေ ကြိုက်တယ် အသူရေ။
ဟုတ်ပ ။ ပြောချင်တာတွေ ပြောခွင့်မသာဘဲ လည်မြိုမှာပဲ စကားလုံးတွေ တစ်ဆို့နေတယ်။

မင်းအရိပ် said...

တို့ဘ၀တွေက တကယ်တော့ ၀င်ကစွပ်တွေပဲနော်
ဒါပေမယ့် ဒါကိုပဲ တပ်မက်နေမိကြတာပဲ
အရမ်းကောင်းတဲ့ကဗျာလေးပါ
အားပေးနေပါတယ် :)

စံပယ်ချို said...

ကြပ်လိုက်ချောင်လိုက်..

ဒီလိုနဲ့ လုံးချာလည်လိုက်ရင်း

ကိုယ်မပိုင်တဲ့ အခွံထဲ

နေသားကျနေမိခဲ့တာ.ဘဝပေါင်းများစွာ......----
သိပ်မှန်တာပေါ့..................