Monday, October 14, 2013

Welcome Happy Thadingyut ‼‼

8

 ♫♫ မကြာခင်သီတင်းကျွတ်တော့မည်...♫♫
သီတင်းကျွတ်ဆို..ပျော်ပါသည်။(((ကျောင်းပိတ်လို့))).
.ဒီနှစ်တော့ရိပ်သာသွားပြီးဘုန်းဘုန်းအတွက်downloadတွေ ချပေးရမည်တဲ့။
သီတင်းကျွတ်မှာမြတ်စွာဘုရားက မယ်တော်ကိုတာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားတော်များကိုဝါတွင်း၃လလုံးဟောကြားပြီး လူ့ပြည့်ကိုပြန်ဆင်းတဲ့နေ့ အဘိဓမ္မာအခါတော်နေ့ဖြစ်ပါတယ်။သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။အခုများတော့ မြတ်စွာဘုရားနဲ့ကို ဗျောက်အိုးတွေနဲ့ ပူဇော်နေကြတယ်။:( တစ်ဖက်နိုင်ငံကခိုးသွင်းလာတဲ့.(ပေါ်တင်လဲပါပါတယ်)...:D ဒီဗျောက်တွေနဲ့ ဘယ်လိုပျော်ရွှင်မှုရဖို့ဆော့နေကြလဲဆိုတာမတွေးတတ်ဘူး။ကဲဒီအကြောင်းတွေခဏရပ်.
သီတင်းကျွတ်ဆို အလွယ်တကူမီးကြိုးလေးတွေ အလှဆင်လို့ရမယ့် နည်းလေးပြောပြမယ်နော်..
 လိုတဲ့ပစ္စည်းတွေကတော့
(၁) တစ်ခါသုံး ဖော့ခွက်လေးတွေ(supermarketတွေမှာရတတ်ပါတယ်)
(၂) ကပ်ကြေးနဲ့ ပုံစံဖော်တဲ့ဓါး
(၃) ကိုယ်ကြိုက်တဲ့အရောင်၊ကိုယ်ကြိုက်တဲ့ဒီဇိုင်းပါတဲ့ ပါကင်ပေပါလေးတွေ
(၄)LED မီးသီးသေးလေးတွေပါတဲ့ မီးကြိုး(အရှည်ကတော့ကိုယ်ချိတ်မယ့် အတိုင်းအတာပေါ့)
(၅) double tape(၂ဖက်ကပ်တိပ်)
(၆) ခဲတံ
Step by stepလုပ်နည်းလေးတွေတော့ ပုံလေးတွေနဲ့ပြထားပါတယ်။









 ♥ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေရှင်♥
ပုံများအားလုံးကို http://www.heygorg.com မှကူးယူဖော်ပြပါတယ်ရှင်(All photos are credit to http://www.heygorg.com-Thanks so much blog author)☺
တခြား  
 လေးတွေလဲရှိပါသေးတယ်။

8 comments:

Yoemyaykya said...

ဟုတ်ပ သီတင်းကျွတ်ရောက်ရင် ဗျောက်ဖောက်ကြတာ အားကြီးဆိုး။ နာ့မှာလေ စိတ်ကူးယဉ်မလို့ တွေးနေတုန်းရှိသေး တဒိုင်းဒိုင်းသံတွေ ကြားရတယ်။ အရမ်းတော်တာပဲ ဟန်းမိတ်မီးပုံလေးလုပ်ပြတာ။ ဘယ်နှခုလုပ်ပြီးသွားပြီလဲ။

Cameron said...

ဒီမှာလည်း စီးတီးမတ်မှာ အများကြီးပဲတွေ့တယ် ဒီဇိုင်းစုံ ရောင်စုံပဲ တစ်တွဲကို ငါးထောင်ပေးရတယ် အဲဒါဝယ်မလားလို့ ကြည့်နေတာ

Thu said...

ရိုးမြေကျ>>ဒီပို့စ်မှာတော့၃ခုတင်ပြီးသွားပြီ။
ထပ်တင်ချင်စရာရှိသေးတယ်
လုပ်ပြီးဓါတ်ပုံရိုက်ဖို့မအားလို့...တန်ဆောင်မုန်းထဲမှာအားရင်အဲ့ပို့စ်တင်မယ်။အဆင်မပြေရင်နောက်နှစ်သီတင်းကျွတ်ပေါ့။
အသူကစိတ်ပဲရှိတာ..လူကမအား..
မမမိုးငွေ့>>မဝယ်နဲ့..ဈေးကြီးတယ် :P..အားရင်ကိုယ့်ဘာသာလုပ်..သမီးကကိုယ်ဘာသာလုပ်တာအားပေးတယ်..:D

Phyu Lwin said...

အောက်ဆုံးက credit ပေးတဲ့စာကို မဖတ်မိခင် အသူကိုယ်တိုင်ပဲ သရုပ်ဆောင်ပြီး ရိုက်ထားတဲ့ဓါတ်ပုံတွေ ထင်နေတာ :D

Thu said...

တိမ်လွှာဖြူ>>
ကိုယ်တိုင်လုပ်ဖို့ကဓါတ်ပုံရိုက်ပေးမယ့်သူမရှိုလို့တော်တော်ရှာလိုက်ရတယ်။ကံကောင်းတယ်
ဒီဘက်ကျောင်းပြောင်းလာကတည်းကဓါတ်ပုံရိုက်ပေးမယ့်သူမရှိလို့စိတ်လေနေတာ..:D :P

စံပယ်ချို said...

ကိုယ်တိုင်လုပ်တာတွေကိုအားပေးပါတယ် မဂျက်ကတော့ဟင်းပဲချက်တတ်တယ် မလုပ်တတ်ဘူးနော်....အသူကတော်လိုက်တာ
အဲတာလေးတွေမြင်တော့ငယ်ငယ်ကပျော်ရွှင်ခဲ့ဘူးတဲ့ သီတင်းကျွတ်ကိုသတိရမိသေးတယ်...

Thu said...

တိမ်လွှာဖြု>>ဒီဘက်ကျောင်းပြောင်းလာတော့ ကိုယ်လုပ်တာတွေဓါတ်ပုံရိုက်ပေးမယ့်သူမရှိဘူး။တစ်ယောက်တည်းရယ်။အဲ့တာကြောင့်ဓါတ်ပုံတွေအတွက်မူရင်းဘလော့ဂ်ပိုင်ရှင်ကိုခွင့်တောင်းထားရတယ်..:P
မမစံပယ်>>အသူကဟင်းချက်တတ်ချင်တာ..ကောင်းကောင်းမချက်တတ်လို့...handmadeဆိုအကုန်ဝါသနာပါလို့..ပါ.

May Thinn said...

ညီမလည်း ဗျောက်အိုးဖောက်ချင်လိုက်တာ
မီးထွန်းတဲ့ idea လေးမိုက်တယ် (y) ^_^